ဗြာဟ္မဏသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] -ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဗြာဟ္မဏတို့၏ ဥဒယ ဂါမိနီ (ကြီးပွားတိုးတက်ရေးအတွက်) ပဋိပဒါနှင့် အရိယာဖြစ်တော်မူသော မြတ်စွာဘုရားရှင် သာသနာတော်၌ ဥဒယဂါမိနီပဋိပဒါ ပညတ်ပုံ ခြားနားချက်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပပြုအပ်ပြီးသော မကောင်းမှု တရားခုနစ်မျိုးရှိသောကြောင့် ဗြာဟ္မဏမည်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာန၊ အရှင်မဟာကောဋ္ဌိက၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာစုန္ဒ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်နန္ဒထေရ်တို့ မိမိထံကြွလာနေကြသည်ကို တွေ့မြင်တော်မူခြင်းကြောင့် “ဤ ဗြာဟ္မဏတို့ လာနေကြကုန်၏”ဟုမိန့်တော်မူရာ ဗြာဟ္မဏဇာတ်ရှိသော ရဟန်း တစ်ပါးက ဗြာဟ္မဏ-ဗြာဟ္မဏကာရကဓမ္မတို့ကို မေးလျှောက်ခြင်းကြောင့် “ဗာဟိတွာ” အစရှိသော ဂါထာဖြင့် ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များစွာရှိပါသည်။ [၄]


ဗြာဟ္မဏသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အပပြုအပ်ပြီးဖြစ်သော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၅]

ဗြာဟ္မဏသုတ်[ပြင်ဆင်ရန်]

အပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏ မည်၏။ [၅]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို အပပြုအပ်ပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အပပြုအပ်ပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို အပပြုအပ်ပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို အပပြုအပ်ပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို အပပြုအပ်ပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ ကို အပပြုအပ်ပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ ကို အပပြုအပ်ပြီး ဖြစ်၏။ [၅]

ရဟန်းတို့ ဤအပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်၏ ဟု(မိန့်တော်မူ၏)။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၁၄-၅။ သံ၊မြန်၊၃၊၃၁၆။ သံ၊ဋ္ဌ၊၃၊၃၁၆။ သံ၊ဋီ၊၂၊၅၃၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၂-ရာဇကာရာမဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၂၊၅၀၈။ အံ၊မြန်၊၂၊၆၃၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၉-သမဏဝဂ္ဂ၊ တတိယသုတ်။
  3. -ဥဒါန၊၈၁။ ဥဒါန၊မြန်၊၇၅။ ဥဒါန၊ဋ္ဌ၊၅၀-၄။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၁-ဗောဓိဝဂ္ဂ၊ ပဉ္စမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၃-ဗြာဟ္မဏသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။