ဥတ္တရဝိပတ္တိသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်ဥတ္တရထေရ်သည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိက ကျောင်းဝယ် သီတင်းသုံးတော်မူစဉ် ရဟန်းတော်တို့အား “ငါ့ရှင်တို့ ရဟန်းသည် ရံဖန်ရံခါ အတ္တဝိပတ္တိကို, ရံဖန်ရံခါ ပရဝိပတို့ကို ရံဖန်ရံခါ အတ္တသမ္ပတို့ကို ရံဖန်ရံခါ ပရသမ္ပတို့ကို ဆင်ခြင်နေမူကောင်း၏”ဟု မိန့်ကြားတော်မူပါသည်။

အရှင်ဥတ္တရထေရ်၏ တရားတော်ကို မြောက်အရပ်မှ တောင်အရပ်သို့ တစုံ တခုသောပြုဘွယ်ကိစ္စဖြင့်သွားသော ဝေဿဝဏ်နတ်မင်းကြီး ကြားသိရသဖြင့် အလျင် အမြန်သွား၍ သိကြားမင်းအား လျှောက်တင်လေသည်။ သိကြားမင်းသည် အလျင် အမြန် အရှင်ဥတ္တရထံသို့ ရောက်လာပြီးလျှင် “အရှင်ဥတ္တရထေရ်သည် အထက်ပါ အတိုင်း တရားတော်ဟော၏ဟူသည် မှန်ပါသလော”ဟု မေးမြန်းလျှောက်ထားသည့် အခါ အရှင်ဥတ္တရထေရ်က မှန်ကန်ကြောင်း မိန့်ကြားပါသည်။ ။ဤတရားတော်ကို အရှင်ဥတ္တရထေရ်၏ဉာဏ်၌ ထင်မြင်ချက်ဖြင့် ဟောပါ သလော၊ သို့မဟုတ် ဘုရားရှင်၏ တရားတော်ကို စွဲယူ၍ ဟောပါသလော-ဟု မေးလျှောက်သည့်အခါ အရှင်ဥတ္တရထေရ်က “စပါးပုံကြီးထဲက စပါးသယ်ယူသော” ဥပမာစကားဖြင့် ပြန်လည်မိန့်ကြားတော်မူပါသည်။ သိကြားမင်းက အရှင်ဥတ္တရထေရ်အား တအံ့တဩ ချီးမွမ်းပြီးလျှင် ဤတရားတော်ကို ဘုရားရှင် ရာဇဂြိုဟ်မြို့တော် ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ ဒေဝဒတ် ခွဲထွက်သွားပြီး မကြာမီ ဟောတော်မူခဲ့ကြောင်း, လာဘ, အလာဘ, ယသ, အယသ, သက္ကာရ, အသက္ကာရ, ပါပိစ္ဆ ပါပမိစ္ဆတာဟူသော မသူတော်တရားရှစ်ပါးတို့ နှိပ်စက်ခံရသောကြောင့် ရှင်ဒေဝဒတ်သည် အပါယိကစသည်ဖြစ်ရပုံ, ယင်းတရားရှစ်ပါးကို လွှမ်းမိုးနှိမ်နင်း၍ နေကြကုန်အံ့-ဟု ကျင့်ကြံရမည်ဟု ဘုရားရှင်ဟောတော်မူကြောင်း အကျယ်တဝင့် လျှောက်ထားပြီး အရှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို သင်ယူတော်မူပါ၊ သင်ကြားပေးတော်မူပါ၊ ဆောင်ထားတော်မူပါ၊ ဤတရားတော်သည် အတ္ထသံဟိတ, အာဒိဗြဟ္မ စရိယကဖြစ်ပါကြောင်း လျှောက်ထားသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၁၁-၁၄။ အံ၊မြန်၊၃၊၁၂-၁၅။ အံ၊ဋ္ဌ၊၃၊၁၉၆။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-မေတ္တာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ