အတပနီယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ကာယ, ဝစီ, မနောသုစရိုက်သုံးမျိုးကို ပြုကျင့်သူများသည် “ငါသည် သုစရိုက်ကို ပြုကျင့်ခဲ့ပေပြီ”ဟု မပူပန်၊ ကာယ, ဝစီ, မနောဒုစရိုက်သုံးမျိုးကို မပြုကျင့်မိသူများသည်လည်း “ငါသည် ဒုစရိုက်ကို မပြုကျင့်မိ”ဟုလည်း ပူပန်မှုမရှိ-ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဟောကြားသည့်သုတ်။


[၂] ကောင်းမှုကုသိုလ်ပြုပြီးသူသည် “ငါသည် ကောင်းမှုကုသိုလ်ကို ပြုခဲ့ပြီ” ဟုလည်း မပူပန်၊ ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုသူများသည် “ငါသည် ယုတ်မာကြမ်းကြုတ် ရက်စက်မှုကို မပြုမိ” ဟုလည်း မပူပန်ဟု ပူပန်မှုမရှိသော တရားနှစ်မျိုးကို ဘုရားရှင် ထံတော်မှ နာယူခဲ့သည့်အတိုင်း ဂါထာနှစ်ဂါထာနှင့်တကွ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားငါးရာအား ဟောပြသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၁။ အံ၊မြန်၊၁၊၆၃။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ကမ္မကရဏဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ဣတိဝုတ်၊၂၁၃။ ဣတိဝုတ်၊မြန်၊၁၉၅-၆။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ဒုကနိပါတ၊ ပဌမဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ