စက္ကာနုဝတ္တနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] လူဖြစ်သော ရန်သူတစ်စုံတစ်ယောက်မျှ မဖျက်ဆီး မတားမြစ်နိုင်သော စကြာရတနာကို လည်စေနိုင်သော စကြာမင်း၏ အရည်အချင်းငါးမျိုးနှင့် တစ်စုံ တစ်ယောက်သော နတ်, လူ, ဗြဟ္မာမျှ မလည်စေနိုင်သော အနုတ္တရဓမ္မစက်ကို လည်စေတော်မူနိုင်သော ဘုရားရှင်၏ အရည်အချင်းငါးမျိုးတို့ကို ဟောတော်မူသည့်သုတ်။


[၂] စကြာမင်းသားတော်ကြီးနှင့် အရှင်သာရိပုတ္တရာ-တို့၏ အထက်သုတ်ပါ အရည်အချင်းတို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ စကြာရတနာကွယ်ပျောက်ပုံ၊ ပြန်လည်ဖြစ်စေပုံတို့ကို ဖွင့်ပြ ထားပါသည်။

ဋီကာ၌လည်း ဖွင့်ဆိုချက်များ များစွာရှိပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၃၀-၁။ အံ၊မြန်၊၂၊၁၆၂-၃။ အံ၊ဋ္ဌ၊၃၊၄၇။ အံ၊ဋီ၊၃၊၄၃-၄။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၄) ၄-ရာဇဝဂ္ဂ၊ ပထမသုတ်။
  2. -အံ၊၂၊၁၃၁။ အံ၊မြန်၊၂၊၁၆၃-၄။ အံ၊ဋ္ဌ၊၃၊၄၇။ အံ၊ဋီ၊၃၊၄၄။ အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက။ (၁၄) ၄-ရာဇဝဂ္ဂ၊ ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ