ဥဿင်္ကိတသုတ်

ဝီကီပီးဒီးယား မှ

ဥဿင်္ကိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]

ဥဿင်္ကိတသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

  • ပြည့်တန်ဆာမ(အိမ်) လျှင် ကျက်စားရာရှိ၏။
  • မုဆိုးမ(အိမ်) လျှင် ကျက်စားရာရှိ၏။
  • အပျိုကြီး(အိမ်) လျှင် ကျက်စားရာရှိ၏။
  • ပဏ္ဍုတ်(အိမ်) လျှင် ကျက်စားရာရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၁) ၁ - ဖာသုဝိဟာရဝဂ် ၂ - ဥဿင်္ကိတသုတ်