ဗျသနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန တို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ အပါယ်လေးပါး မရောက်နိုင်ပုံ၊ သီလဗျသန, ဒိဋ္ဌိဗျသနတို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ အပါယ်လေးပါးသို့ ကျရောက်ကြပုံနှင့် သမ္ပဒါတရားငါးပါးတို့တွင် ဉာတိသမ္ပဒါ၊ ဘောဂသမ္ပဒါ၊ အာရောဂျ သမ္ပဒါသုံးပါးတို့ကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ နတ်ရွာသုဂတိ မရောက် နိုင်ကြပုံ၊ သီလသမ္ပဒါ၊ ဒိဋ္ဌိသမ္ပဒါ နှစ်ပါးကြောင့် ကွယ်လွန်ပြီးနောက် သတ္တဝါများ နတ်ရွာသုဂတိသို့ရောက်ကြပုံ၊ ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ဘေးကိုပြ၍ ငြိမ်းခြောက်သူ၊ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲကဲ့ရဲ့သောပုဂ္ဂိုလ်များ ရရှိခံစားရမည့် အပြစ် ၁၁-မျိုးကို သုက္ကပက္ခ, ကဏှပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၂၉-၁၃၀။ အံ၊မြန်၊၂၊၁၆၁-၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၃) ၃-ဂိလာနဝဂ္ဂ၊ ဒသမသုတ်။
  2. -အံ၊၃၊၅၂၁-၂။ အံ၊မြန်၊၃၊၅၀၉-၅၁၀။ -အင်္ဂုတ္တရနိကာယ၊ ဧကာဒသကနိပါတ၊ ၁-နိဿယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ