အတ္တန္တပသုတ်

ဝီကီပီးဒီးယား မှ

[၁] (က) မိမိကိုယ်ကို ဆင်းရဲစေသောသူ၊ မိမိကိုယ်ကို ဆင်းရဲစေတတ်သော အကျင့်ကိုကျင့်သူ။ ။

(ခ) သူတပါးကို ဆင်းရဲစေသောသူ၊ သူတပါးကို ဆင်းရဲစေတတ်သော အကျင့်ကို ကျင့်သူ။

(ဂ) မိမိ, သူတပါးနှစ်ဦးသားကို ဆင်းရဲစေသူ၊ မိမိ, သူတပါးနှစ်ဦးသားကို ဆင်းရဲစေတတ်သော အကျင့်ကို ကျင့်သူ။

(ဃ) မိမိ, သူတပါးနှစ်ဦးသားကို မဆင်းရဲစေသူ၊ မိမိ, သူတပါးနှစ်ဦးသားကို မဆင်းရဲ စေတတ်သော အကျင့်ကို ကျင့်သူ-ဟု ပုဂ္ဂိုလ်လေးမျိုးကို အကျယ် ဟောပြသည့်သုတ်။

ယင်းတို့တွင် -(က)ပုဂ္ဂိုလ်ကျင့်နေသော စားသောက်မှုနှင့် ဆက်စပ်နေသော တိတ္ထိယအကျင့် (၅၆)မျိုး၊ အဝတ်နှင့်ဆက်စပ်နေသော တိတ္ထိယအကျင့် (၁၈)မျိုးတို့ကို ဟောပြတော်မူသည်။

(က) ပုဂ္ဂိုလ်သည် သာသနာပြင်ပ တိတ္ထိယများဖြစ်သည်။

(ခ) ပုဂ္ဂိုလ်သည် မုဆိုး, တံငါ, ခိုးသူစသော ကြမ်းကြုတ်သော အမှုလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည်။

(ဂ) ပုဂ္ဂိုလ်သည် ယဇ်ပူဇော်ကြသော ခတ္တိယနှင့် ဗြာဟ္မဏမဟာသာလများဖြစ်သည်။

(ဃ) ပုဂ္ဂိုလ်သည် ဘုရားရှင်နှင့် သဒ္ဓါသက်သက်ဖြင့် ရဟန်းတရားပြုကျင့်သည့် ရဟန်းတော်များ, အရိယာ (သံဃာတော်)များ ဖြစ်ကြသည်။

အဋ္ဌကထာ၌-သီလက္ခန္ဓဝဂ္ဂ၊ ဗြဟ္မဇာလသုတ်၊ သာမညဖလသုတ်အဖွင့်များ အတိုင်း ဖွင့်ပြထားသည်ကို လေ့လာနိုင်ပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၂၆-၅၃၂။ အံ၊မြန်၊၁၊၅၄၂-၈။ အံ၊ဋ္ဌ၊၂၊၃၇၃-၃၈၅။ အံ၊ဋီ၊၂၊၃၆၉-၃၈၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ စတုတ္တပဏ္ဏာသက၊ (၂၀)၅-မဟာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ