စတုမဟာရာဇသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ကုသိုလ်ကောင်းမှုပြုသူစာရင်း ကောက်ယူပို့ရန် သိကြားမင်း၏ တာဝန်ပေး ချက်အရ လဆန်း လဆုတ် (၈)ရက်နေ့များ၌ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမတ်များ၊ (၁၄)ရက်ဥပုသ်နေ့များ၌ နတ်မင်းတို့၏ သားတော်များ၊ (၁၅)ရက် ဥပုသ်နေ့များ၌ စာတုမဟာရာဇ်နတ်မင်းတို့ကိုယ်တိုင် လူ့ပြည်သို့ဆင်း၍ ကုသိုလ် စာရင်း ကောက်ယူကြပုံ၊ ကုသိုလ်ပြုသူနည်းပါသည့်အခါ တာဝတိံသာနတ်တို့ စိတ်မချမ်းသာကြပုံ၊ ကုသိုလ်ပြုသူ များပြားသည့်အခါ တာဝတိံသာနတ်တို့ ပျော်ရွှင်ကြပုံ၊ “စာတုဒ္ဒသိံ” အစရှိသော ဂါထာကို ဥပုသ်စောင့်သုံးကြရန်အတွက် ရာဂ, ဒေါသ, မောဟများ မကင်းသေးသော သိကြားမင်းရွတ်ဆိုခြင်းထက် ရဟန္တာပုဂ္ဂိုလ်ရွတ်ဆိုခြင်းသည် သင့်မြတ်သောရွတ်ဆိုခြင်းဖြစ်ပုံတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] “စာတုဒ္ဒသိံ”အစရှိသော ဂါထာကို ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့မှ မလွတ်ကင်းသေးသော သိကြားမင်းရွတ်ဆိုခြင်းထက် ရဟန္တာပုဂ္ဂိုလ်ရွတ်ဆိုခြင်းက ကောင်းမြတ်ပုံကို ဒေသနာတော်တစ်လှည့် ပြောင်း၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၄၁-၃။ အံ၊မြန်၊၁၊၁၅၉-၁၆၂။ အံ၊ဋ္ဌ၊၂၊၁၂၂-၄။ အံ၊ဋီ၊၂၊၁၁၇-၈။ -အင်္ဂတုရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒေဝဒူတဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၁၊၁၄၃။ (အင်္ဂုတ္တရနိကာယ၊ ... အဋ္ဌမသုတ်။)
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ