မလသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရာဂ၊ ဒေါသ၊ မောဟ အညစ်အကြေးသုံးမျိုးကို ထူးသောဉာဏ်ဖြင့်သိရန် ပိုင်းခြား၍သိရန် ကုန်ခန်း သွားရန် ပယ်စွန့်နိုင်ရန် အဋ္ဌင်္ဂိကအရိယမဂ်ကို ပွားများရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဒုဿီလ, ဒုဿီလ မလ၊ ဣဿုကီ, ဣဿာမလ၊ မစ္ဆရီ၊ မစ္ဆရိယမလ-တို့ မပယ်စွန့်သူသည် ငရဲ၌ ဖြစ်ရသည်။

သီလဝါ, ဒုဿီလမလကိုပယ်စွန့်နိုင်သူ၊ အနိဿုကီ, ဣဿာမလကို ပယ်စွန့်နိုင်သူ၊ အမစ္ဆရီ မစ္ဆေရမလကို ပယ်စွန့်နိုင်သူသည် နတ်ပြည်၌ဖြစ်ရသည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃]

-မရွတ်မဖတ် မသရဇ္ဈာယ်ခြင်းသည် အတတ်ပညာ၏အညစ်အကြေး၊

-ထကြွလုံ့လမရှိခြင်းသည် အိမ်၏အညစ်အကြေး၊

-ပျင်းရိခြင်းသည် ကိုယ်အဆင်း၏အညစ်အကြေး၊

-မေ့လျော့ခြင်းသည် (ဥစ္စာ)စောင့်ရှောက်သူ၏အညစ်အကြေး၊

-မကောင်းသောအကျင့်သည် မိန်းမ၏အညစ်အကြေး၊

-နှမြောဝန်တိုခြင်းသည် ပေးလှူသူ(အလှူရှင်)၏အညစ်အကြေး၊

-ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် ပစ္စုပ္ပန်လောက၊ တမလွန်လောက၏အညစ်အကြေး၊

-အဝိဇ္ဇာသည် အထက်ပါအညစ်အကြေးအားလုံးတို့ထက် အဆိုးဆုံးအညစ် အကြေးဟု အညစ်အကြေးရှစ်မျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၅၃။ သံ၊မြန်၊၃၊၅၆။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၇-ဧသနာဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၁၊၁၀၃-၄။ အံ၊မြန်၊၁၊၁၂၁၂။ အံ၊ဋ္ဌ၊၂၊၇၂-၃။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၁-ဗာလဝဂ္ဂ၊ ဒသမသုတ်။
  3. -အံ၊၃၊၃၇။ အံ၊မြန်၊၃၊၃၇-၈။ အံ၊ဋ္ဌ၊၃၊၂၁၆။ အံ၊ဋီ၊၃၊၂၂၆။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၂-မဟာဝဂ္ဂ၊ ပဉ္စမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ