ဗြဟ္မသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း အဇပါလညောင်ပင်ရင်း၌ ဘုရားဖြစ်တော်မူပြီးစ သီတင်းသုံးနေတော်မူ၍ သတိပဋ္ဌာန်လေးပါး၏ ဧကာယန ဖြစ်ပုံကို ကြံစည်တော်မူနေစဉ် သဟမ္ပတိဗြဟ္မာရောက်လာပြီး ဘုရားရှင် ကြံစည်တော် မူနေသော သတိပဋ္ဌာန်လေးပါး တရားတော်၏အကျိုးတရားတို့ကိုလျှောက်ထားပြီး ဧကာယနံ-အစရှိသော ဂါထာဖြင့် သဟမ္ပတိဗြဟ္မာက ဘုရားရှင်အားလျှောက်ထားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဗြဟ္မ၊ လက်ဦးဆရာ၊ အိမ်ဦးနတ်၊ လက်ဆောင်ပို့လာ ပူဇော်ခံယူထိုက်သော ပုဂ္ဂိုလ်တို့နှင့်တူကြပုံ။ မိဖနှစ်ပါး၏ သားသမီးများအပေါ် ကျေးဇူးများပုံ၊ ပြုစု လုပ်ကျွေးလိုက်ပုံတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၄၅-၆။ သံ၊မြန်၊၃၊၁၅၀-၁။ သံ၊ဋ္ဌ၊၃၊၂၅၈။ သံ၊ဋီ၊၂၊၄၈၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာလန္ဒဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၁၊၃၈၁-၂။ အံ၊မြန်၊၁၊၃၉၆။ အံ၊ဋ္ဌ၊၂၊၃၁၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၇) ၂-ပတ္တကမ္မဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ