ဂေါတမကစေတိယသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော် ဂေါတမကစေတီ၌ သီတင်းသုံးနေတော်မူစဉ် သင်ယူအပ်သော ဗုဒ္ဓဝစနကို အမှီပြု၍ မာန်တက်နေကြသော ဘုရားရှင်အား အထင်မကြီးကြသော ဗြာဟ္မဏမျိုးရဟန်းတို့အား “မူလပရိယာယသုတ်တော်”ကို ဟောတော်မူပြီး ဘုရားရှင်အား အမြင်မကြည်မလင်ဖြစ်နေကြသော ထိုရဟန်းတို့အား “ငါဘုရားသည် အဘိညာယ, သနိဒါန, သပ္ပါဋိဟာရိယဓမ္မတို့ကို ဟောတော်မူသော ငါဘုရား၏ ဩဝါဒ, အနုသာသနီကို လိုက်နာ၍ ပြုကျင့်ထိုက်ပုံ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ကြသော သင်တို့အား နှစ်သက်ကျေနပ် ဝမ်းမြောက်ခြင်း ဖြစ်ပုံ”ကို အကျယ်ဟောတော်မူသည့်သုတ်။

ဤဒေသနာတော်၏အဆုံး၌ မြေငလျင် လှုပ်ပုံကို ပြဆိုထားပါသည်။

အဋ္ဌကထာ/ဋီကာတို့၌-ပဌမဗောဓိ (ဝါတော် ၂၀)အတွင်း၌ ဝေသာလီ မြို့တော်ဝယ် ဘုရားရှင် သီတင်းသုံးတော်မူရာဌာနများ၊ ဤသုတ်၏ နိဒါန်း၊ ဗောဓိမဏ္ဍိုင်၌ မြေငလျင်တုန်လှုပ်ခဲ့ပုံ၊ ဤသုတ္တန်ကို နာယူကြပြီး ယင်းဗြာဟ္မဏလူမျိုး ရဟန်း ငါးရာတို့ ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်ပုံ၊ အနုသာသနီပါဋိဟာရိယမှ ကင်းသော ဒေသနာမရှိပုံ-အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၈၀။ အံ၊မြန်၊၁၊၂၉၈။ အံ၊ဋ္ဌ၊၂၊၂၃၆-၇။ အံ၊ဋီ၊၂၊၂၀၉-၂၁၁။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ကုသိနာရဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ