ပုညကိရိယဝတ္ထုသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ပုညကိရိယဝတ္ထုသုံးမျိုးနှင့် ယင်းတို့ကိုပြုလုပ်ခြင်းကြောင့် ရရှိသော ကာမာဝစရ ကုသိုလ်အလိုက် ခံစားပြည့်စုံနိုင်သော အကျိုးဂုဏ်ကျေးဇူးတို့ကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၂] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် “ပုညကိရိယဝတ္ထုသုံးမျိုးတို့ကို ဟောတော်မူကြောင်း” ခုဇ္ဇုတ္တရာက ဥတေနမင်းနန်းတော်၌ သာမာဝတီမဟေသီမိဖုရားအမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ ပုညကိရိယဝတ္ထုဆယ်ပါးကို အကျယ်ဖွင့်ထားသည့် ဖွင့် ဆိုချက်များ များစွာပါရှိပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၇၂-၄။ အံ၊မြန်၊၃၊၇၄-၆။ အံ၊ဋ္ဌ၊၃၊၂၃၁။ အံ၊ဋီ၊၃၊၂၃၇-၉။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၄-ဒါနဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -ဣတိဝုတ်၊၂၃၀-၁။ ဣတိဝုတ်၊မြန်။ ၂၁၄-၅။ ဣတိဝုတ်၊ဋ္ဌ၊၁၉၃-၆။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ