စင်္ကမသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင်၏ မနီးမဝေးသောအရပ်၌ မိမိတို့၏ ပရိသတ်တို့နှင့်အတူ စင်္ကြန် လျှောက်နေသော အရှင်သာရိပုတ္တရာ အစရှိသော မထေရ်(၈)ပါးတို့၏ ဂုဏ်ပုဒ်များကို အသီးအသီး မိန့်ကြားတော်မူပြီး သတ္တဝါတို့သည် ဓာတ်သဘောတူအချင်းချင်း ပေါင်းသင်းနေထိုင်ကြပုံကို အကျယ်ရှင်းလင်း ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌-မထေရ်မြတ်တို့၏ ဂုဏ်ကျေးဇူးများနှင့် မထေရ်မြတ်များ စင်္ကြန်လျှောက်နေကြခြင်း အကြောင်းများကိုလည်း ဖွင့်ပြထားပါသည်။


[၂] လမ်းလျှောက် (စင်္ကြန်)သွားခြင်းအကျိုးငါးပါးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]


စင်္ကမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စင်္ကြန်လျှောက်ခြင်း၏ အကျိုးအာနိသင် ငါးမျိုးကို ဟောကြားထားသည်။[၄]

စင်္ကမသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ စင်္ကြန်လျှောက်ခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

၁။ ခရီးရှည်သွားနိုင်၏။

၂။ ကြိုးစားအားထုတ်နိုင်၏။

၃။ အနာရောဂါကင်း၏။

၄။ စား သောက် ခဲ လျက်အပ်သော အစာအာဟာရသည် ကောင်းစွာကြေညက်နိုင်၏။

၅။ စင်္ကြန်လျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု (သမာဓိ) သည် ကြာမြင့်စွာတည်နိုင်၏။

ရဟန်းတို့ ဤသည်တို့ကား စင်္ကြန်လျှောက်ခြင်း၌ အာနိသင်ငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၆၈-၉။ သံ၊မြန်၊၁၊၃၅၃-၄။ သံ၊ဋ္ဌ၊၂၊၁၂၉-၁၃၁။ သံ၊ဋီ၊၂၊၁၃၈-၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၃-ဓာတုသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -အံ၊၂၊၂၄။ အံ၊မြန်၊၂၊၃၂။ အံ၊ဋ္ဌ၊၃၊၁၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ပဉ္စင်္ဂိကဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ပဉ္စင်္ဂိကဝဂ်၊ စင်္ကမသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန: သာသနာရေးဝန်ကြီးဌာန။ ၁၉၉၈ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)