ပါရိစ္ဆတ္တကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ်- တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ကြီး၏အရွက်များ ကြွေကျခါနီးအချိန်မှ စ၍ ပင်လုံးကျွတ်ပွင့်ချိန်ထိ (၇)နေရာတို့၌ နတ်တို့ ဝမ်းသာပျော်ရွှင်ကြပုံ၊ ပင်လယ် ကသစ်ပင်ကြီး၏အာနုဘော်, ပင်လယ်ကသစ်ပန်းပွင့်ချိန် လေးလပတ်လုံး နတ်စည်း စိမ်ခံစားကြပုံနှင့် နှိုင်းယှဉ်၍ အရိယာသာဝက၏ ရဟန်းပြုရန်ကြံစည်ပုံ, ရဟန်းပြုပုံမှ စ၍ ရူပါဝစရဈာန်လေးပါး ရပုံ, ရဟန္တာဖြစ်ပုံအထိ (၅)ဌာနနှင့် ရဟန္တာဖြစ်သည့်အခါ နတ်တို့အဆင့်ဆင့် ကြွေးကြော်ကြရာ ဗြဟ္မာပြည်အထိ ရဟန္တာပုဂ္ဂိုလ်တို့၏ အာနုဘော်ပျံ့နှံ့ပုံအကျယ်ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ပါရိစ္ဆတ္တကနှင့်ဆက်စပ်၍ သိမှတ်ဖွယ်ရာများနှင့်တကွ ဖွင့်ဆိုချက်များ ပြည့်စုံစွာ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၄၈၆-၈။ အံ၊မြန်၊၂၊၆၀-၆၁၀။ အံ၊ဋ္ဌ၊၁၈၄-၅။ အံ၊ဋီ၊၃၊၁၉၂-၃။ -စူဠနိ၊၂၀၂-၂၂၈။ စူဠနိ။ဋ္ဌ၊၇၈-၈၇။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၇-မဟာဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ