အဿဒ္ဓသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] သူယုတ်မာ၊ သူယုတ်မာထက် သူယုတ်မာ၊ သူတော်ကောင်း၊ သူတော်ကောင်း ထက် သူတော်ကောင်း-ဟူသော ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဟောတော်မူသည့်သုတ်။


[၂] အဿဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ၊ ကုသီတ၊ ဒုပ္ပည-ဟူသော တရားဆိုး ငါးမျိုး နှင့် ပြည့်စုံသော မထေရ်ကို သီးတင်းသုံးဖော်တို့ မချစ်ခင်ကြ၊ မမြတ်နိုးကြ၊ မလေးစား ကြ၊ စိတ်နှလုံးကို မတိုးပွားစေသူဖြစ်ပုံနှင့် သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ အာရဒ္ဓဝီရိယ၊ ပညာတို့နှင့် ပြည့်စုံသောထေရ်ကြီးကို သီတင်းသုံးဖော်တို့ ချစ်ခင်ကြ၊ မြတ်နိုးကြ၊ လေးစားကြ၊ စိတ်နှလုံးကို တိုးပွားစေသူဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။ [၃]


အဿဒ္ဓသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၄၀-၁။ အံ၊မြန်၊၁၊၅၅၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၁) ၁-အသပ္ပုရိသဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၂၊၉၈။ အံ၊မြန်၊၂၊၁၁၉-၁၂၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉) ၄-ထေရဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၉) ၄-ထေရဝဂ် ၄- အဿဒ္ဓသုတ်