ပဏိဟိတအစ္ဆဝဂ်

ဝီကီပီးဒီးယား မှ

[၁] ဤဝဂ်၌ မိစ္ဆာပဏိဟိတစိတ္တသုတ်၊ သမ္မာပဏိဟိတစိတ္တသုတ်၊ ပဒုဋ္ဌစိတ္တသုတ်၊ ပသန္နစိတ္တသုတ်၊ အာဝိလစိတ္တသုတ်, အနာဝိလစိတ္တသုတ်, မုဒုကမ္မညစိတ္တသုတ်, လဟုပရိဝတ္တစိတ္တသုတ်, ဥပက္ကိလိဋ္ဌသုတ်, ဝိမုတ္တသုတ်အားဖြင့် သုတ်ပေါင်း ၁၀-သုတ်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

၁။ မိစ္ဆာပဏိဟိတစိတ်ဖြင့် အဝိဇ္ဇာကို ဖောက်ခွဲနိုင်ခြင်း, ဝိဇ္ဇာဉာဏ်ကိုဖြစ်စေခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း မဖြစ်နိုင်ဟုလည်းကောင်း။

၂။ သမ္မာပဏိဟိတစိတ်ဖြင့် အဝိဇ္ဇာကို ဖောက်ခွဲခြင်း, ဝိဇ္ဇာဉာဏ်ကိုဖြစ်စေခြင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပုံကိုလည်းကောင်း။

၃။ ပဒုဋ္ဌစိတ်ကြောင့် အချို့သတ္တဝါတို့ ကွယ်လွန်ပြီးနောက် အပါယ်၌ဖြစ်(ကျ)ပုံကို လည်းကောင်း။

၄။ ပသန္ဓေစိတ်ကြောင့် (အချို့သတ္တဝါတို့) နတ်ပြည်၌ ဖြစ်ရပုံကိုလည်းကောင်း။

၅။ အာဝိလစိတ်ကြောင့် အတ္တတ္ထ, ပရတ္ထ, ဥဘယတ္ထကို မသိနိုင်ပုံ အလမရိယ ဉာဏဒဿနဝိသေသ ဥတ္တရိမနုဿဓမ္မကို မျက်မှောက်မပြုနိုင်ပုံကိုလည်းကောင်း။

၆။ အနာဝိလစိတ္တကြောင့် အတ္တတ္ထ, ပရတ္ထ, ဥဘယတ္ထကို သိနိုင်ပုံ၊ အလမရိယ ဉာဏဒဿ ဝိသေသ ဥတ္တရိမနုဿဓမ္မကို မျက်မှောက်ပြုနိုင်ပုံကိုလည်းကောင်း ဥပမာန ဥပမေယျတို့ဖြင့်လည်းကောင်း။

၇။ ဘာဝိတ, ဗဟုလီကတဖြစ်သောစိတ်သည် မုဒုကမ္မနိယဖြစ်ပုံကိုလည်းကောင်း။

၈။ စိတ်၏လျင်မြန်စွာဖြစ်မှု၌ ဥပမာမရှိပုံကိုလည်းကောင်း။

၉။ ဖြိုးပြိုးပြက်ပြက် အရောင်တလက်လက်ထွက်နေသောစိတ်သည် အာဂန္တုက ဥပက္ကိလေသတို့ကြောင့် ညစ်နွမ်းပုံကိုလည်းကောင်း။

၁၀။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်ထွက်နေသောစိတ်သည် ဥပက္ကိလေသတို့မှ လွတ်မြောက်နိုင်ပုံကိုလည်းကောင်း။ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များကို ပြည့်စုံစွာ ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၇-၉။ အံ၊မြန်၊၁၊၉-၁၁။ အံ၊ဋ္ဌ၊၁၊၄၂-၄၆။ အံ၊ဋီ၊၁-၉၀-၁၀၀။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ပဉ္စမဝဂ္ဂ၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ