အတမ္မယသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] အလုံးစုံသော လောက၌ တဏှာ, ဒိဋ္ဌိတို့မှ ကင်းခြင်းငှာ ငါဟုယူမှု ဒိဋ္ဌိနှင့် ငါ့ဟာ ငါ့ဥစ္စာဟု စွဲမက်မှု တဏှာတို့ ချုပ်ပျောက်ခြင်း၊ ပုထုဇဉ်တို့နှင့် မဆက်ဆံသော မဂ်ဉာဏ် နှင့် ပြည်စုံခြင်း၊ အကြောင်းတရား, အကျိုးတရားတို့ကို ခွဲခြားသိမြင်မှုဟူသော အကျိုးတရား (၆) ပါးကို ပိုင်ပိုင်နိုင်နိုင် သိမြင်သော ရဟန်းသည် အလုံးစုံသော တရားတို့၌ အပိုင်းအခြားကို မပြုမူ၍ အနတ္တသညာကို ဖြစ်စေထိုက်၏-ဟု ဟောကြားတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၂၊၃၈၆။ အံ၊မြန်၊၂၊၄၈၇။ အံ၊ဋ္ဌ၊၃၊၁၄၁။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁၀-အာနိသံသဝဂ္ဂ၊ ဒသမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ