ခတသုတ်

ဝီကီပီးဒီးယား မှ

(၇)သုတ် ရှိပါသည်။

[၁] ဒုစရိုက် ၁၀-ပါးနှင့် ပြည့်စုံသူသည် ဗာလ, အဗျတ္တ, အသပ္ပုရိသဖြစ်ပုံ၊ မိမိ (၏ ကုသိုလ်မူလ)ကို တူးဖြိုဖျက်ဆီးလျက် ဆောင်ပုံ၊ များစွာသောအကုသိုလ်ကို ပွားများ သူ ဖြစ်ပုံ၊ သုစရိုက် ၁၀-ပါးနှင့် ပြည့်စုံသူသည် ပဏ္ဍိတ, ဝိယတ္တ, သပ္ပုရိသဖြစ်ပုံ၊ မိမိ(၏ ကုသိုလ်မူလ)ကို မတူးဖြိုမဖျက်ဆီးပုံ၊ များစွာသောကုသိုလ်တရားတို့ကို ဖြစ်ပွား စေသူဖြစ်ပုံတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အပြစ်ရှိသူဖြစ်ပုံ၊ ပညာရှိတို့ စွပ်စွဲကဲ့ရဲ့ခံရသူဖြစ်ပုံ

အပြစ်မရှိပုံ၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့အပ်သူဖြစ်ပုံ


[၂] အကုသိုလ်ဖြစ်သော ကာယကံ, ဝစီကံ, မနောကံတို့နှင့် ပြည့်စုံသောသူသည် ဗာလ, အဗျတ္တ, အသပ္ပုရိသဖြစ်ပုံ၊ မိမိ (၏ ကုသိုလ်မူလ)ကို တူးဖြိုဖျက်ဆီးလျက် ဆောင်ပုံ၊ အပြစ်ရှိပုံ၊ ပညာရှိတို့ ကဲ့ရဲ့အပ်သူဖြစ်ပုံ၊ များစွာသောမကောင်းမှုကို ပွားစေသူ ဝိယတ္တ, သပ္ပုရိသ, မိမိ (၏ ကုသိုလ်မူလ)ကို မတူးဖြို မဖျက်ဆီးသူ ဖြစ်ပုံ၊ အပြစ် မရှိပုံ၊ ပညာရှိတို့ မကဲ့ရဲ့အပ်သူဖြစ်ပုံ၊ များစွာသောကုသိုလ်ကို ပွားများသူဖြစ်ပုံတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။


[၃] အပြစ်ရှိသော ကံသုံးပါး၊ အပြစ်မရှိသော ကံသုံးပါးနှင့် ပြည့်စုံသူသည်-အစရှိ သည်ဖြင့် အထက်သုတ်အတိုင်း သုက္ကပက္ခ, ကဏှပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။


[၄] မညီမညွတ်သော ကာယကံ, ညီညွတ်သော ကာယကံ-အစရှိသည်ဖြင့် အထက်သုတ်အတိုင်း ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။


[၅] မစင်ကြယ်သော ကာယကံ, စင်ကြယ်သော ကာယကံ-အစရှိသည်ဖြင့် အထက်သုတ်အတိုင်း ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၆] ဉာဏ်ဖြင့် မစူးစမ်း မဆင်ခြင်ပဲ, ဉာဏ်ဖြင့် မသက်ဝင်ပဲ (၁) မချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း၊ (၂) ချီးမွမ်းထိုက်သောပုဂ္ဂိုလ်၏အပြစ်ကို ပြောဆိုခြင်း၊ (၃) မကြည်ညိုသင့်သောအရာ၌ ကြည်ညိုမှုကို ဖြစ်စေခြင်း၊ (၄) ကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို မဖြစ်စေခြင်း-ဟူသော တရားလေးမျိုးတို့နှင့်ပြည့်စုံသော ထက်မြက်သောဉာဏ်ပညာမရှိသော သူတော်ကောင်းမဟုတ်သော လူမိုက်သည် မိမိ၏ ကုသိုလ်မူလကို တူးဖြို ဖျက်ဆီးသူ အပြစ်ရှိသူ ပညာရှိတို့ကဲ့ရဲ့ခံရသူ များစွာသော အကုသိုလ်ကို တိုးပွားစေသူဖြစ်၏။ ထို၏ဆန့်ကျင်ဖက် သုက္ကပက္ခတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူတော်ကောင်း ထက်မြက်သောပညာရှိသည် မိမိ၏ကုသိုလ်မူလကို မတူးဖြို မဖျက်ဆီးသူ အပြစ်မရှိသူ ပညာရှိတို့ မကဲ့ရဲ့အပ်သူ များစွာသောကုသိုလ်ကို ပွားများစေသူ ဖြစ်၏ ကဏှပက္ခ, သုက္ကပက္ခ ခွဲ၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၇] အမိ, အဖ, ဘုရားရှင်, ဘုရားရှင်၏သာဝကတို့ အပေါ်၌ ပြစ်မှားသော ထက် မြက်သောဉာဏ်ပညာမရှိသော သူတော်ကောင်းမဟုတ်သော လူမိုက်သည် မိမိ၏ ကုသိုလ်မူလကို တူးဖြို ဖျက်ဆီးသူ အပြစ်ရှိသူ သူတော်ကောင်းတို့ ကဲ့ရဲ့အပ်သူ များစွာသောအကုသိုလ်ကို ပွားများသူဖြစ်၏။ ထို၏ဆန့်ကျင်ဖက် သုက္ကပက္ခပုဂ္ဂိုလ်တို့ အပေါ်၌ မှန်ကုန်စွာပြုကျင့်သော ထက်မြက်သောဉာဏ်ပညာရှိသော သူတော်ကောင်း ပညာရှိသည် မိမိ၏ကုသိုလ်မူလကို မတူးဖြို မဖျက်ဆီးသူ အပြစ်မရှိသူ သူတော်ကောင်းတို့ ချီးမွမ်းအပ်သူ များစွာသောကုသိုလ်ကို ပွားစေသူဖြစ်ပုံကို ကဏှပက္ခ, သုက္ကပက္ခ ခွဲ၍ ဟောတော်မူသည့်သုတ်။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၀၃။ အံ၊မြန်၊၁၊၁၂၁။ အံ၊ဋ္ဌ၊၂၊၇၂။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ဗာလဝဂ္ဂ၊ နဝမသုတ်။
  2. -အံ၊၁၊၂၉၇။ အံ၊မြန်၊၁၊၃၁၅။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၅)၅-မင်္ဂလဝဂ္ဂ၊ ပဉ္စမသုတ်။
  3. -အံ၊၁၊၂၉၇။ အံ၊မြန်၊၁၊၃၁၅။ -အင်္ဂုတ္တရနိကာယ၊ ... ဆဋ္ဌသုတ်။
  4. -အံ၊၁၊၂၉၈။ အံ၊မြန်၊၁၊၃၁၅။ -အင်္ဂုတ္တရနိကာယ၊ ... သတ္တမသုတ်။
  5. -အံ၊၁၊၂၉၈။ အံ၊မြန်၊၁၊၃၁၅။ -အင်္ဂုတ္တရနိကာယ၊ ... အဋ္ဌမသုတ်။
  6. -အံ၊၁၊၃၀၉။ အံ၊မြန်၊၁၊၃၂၅။ အံ၊ဋ္ဌ၊၂၊၂၅၀။ အံ၊ဋီ၊၂၊၂၂၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ဘဏ္ဍဂါမဝဂ္ဂ၊ တတိယသုတ်။
  7. -အံ၊၁၊၃၁၀-၁။ အံ၊မြန်၊၁၊၃၂၆-၇။ အံ၊ဋ္ဌ၊၂၊၂၅၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ဘဏ္ဍဂါမဝဂ္ဂ၊ စတုတ္ထသုတ်။
  8. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ