ဝါစာသုတ်

ဝီကီပီးဒီးယား မှ

ဝါစာသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကောင်းစွာဆိုအပ်သောစကား၏ အင်္ဂါငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[၁]

ဝါစာသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။[၁]

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • အခါကာလအားလျော်စွာ ပြောဆိုအပ်သည်လည်း ဖြစ်၏။
  • မှန်ကန်သော စကားကို ပြောဆိုအပ်သညလည်း ဖြစ်၏။
  • သိမ်မွေ့သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။
  • အကျိုးစီးပွားနှင့် စပ်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။
  • မေတ္တာစိတ်နှင့် ပြောဆိုအပ်သည်လည်း ဖြစ်၏။[၁]

ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ် ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၄) စတုတ္ထပဏ္ဏာသက (၂၀) ၅- ဗြဟ္မဏဝဂ် ၈-ဝါစာသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၆၇၊ ၂၆၈။