အာရက္ခသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁) တပ်မက်ဖွယ်ဣဋ္ဌာရုံ၌ မတပ်မက်စေရန်၊ (၂)ဒေါသဖြစ်ဖွယ်အနိဋ္ဌာရုံ၌ ဒေါသမဖြစ်စေရအောင်၊ (၃) တွေဝေဖွယ်သဘောတရားတို့၌ မတွေဝေစေရန်၊ (၄) မာန်ယစ်ဖွယ်သဘောတရားတို့၌ မာန်ယစ်မှုမဖြစ်စေရန်၊ မိမိ၏အကျိုးစီးပွားကို အလို ရှိသောသူသည် မမေ့မလျော့ခြင်း၊ အောက်မေ့ခြင်းဟူသော စိတ်၏အစောင့်အရှောက်ကို ပြုရမည်။ ။ ရဟန္တာပုဂ္ဂိုလ်သည် တပ်မက်မှုရာဂကင်းပြီးသူဖြစ်ခြင်းကြောင့် တပ်မက်ဖွယ် ကောင်းသောဣဋ္ဌာရုံ၌ မတပ်မက်၊ စိတ်ဆိုးမှု (အမျက်ထွက်မှု)ဒေါသကင်းပြီးသူဖြစ် ခြင်းကြောင့် အမျက်ထွက်ဖွယ်အနိဋ္ဌာရုံ၌လည်း အမျက်မထွက်၊ တွေဝေမှု မောဟ ကင်းပြီးသူဖြစ်ခြင်းကြောင့် တွေဝေဖွယ်ရာသဘောတရားတို့၌လည်း မတွေဝေတော့၊ မာန်ယစ်မှု ကင်းပြီးသူဖြစ်ခြင်းကြောင့် မာန်ယစ်ဖွယ်ရာသဘောတရားတို့၌လည်း မာန်မယစ်တော့၊ ထိုရဟန္တာပုဂ္ဂိုလ်သည် ကြက်သီးမွေးညှင်းထခြင်း၊ တုန်လှုပ်ခြင်း၊ ချောက်ခြားခြင်း၊ ထိတ်လန့်ခြင်းသို့လည်း မရောက်၊ သာသနာ့ပြင်ပ ရဟန်းအမည်ခံ ပုဂ္ဂိုလ်တို့၏ စကားကြောင့်လည်း မိမိ၏အယူကို မစွန့်လွှတ်၊ အယူဝါဒမပြောင်းတော့ ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၄၃၅။ အံ၊မြန်၊၁၊၄၄၇-၈။ အံ၊ဋ္ဌ၊၂၊၃၃၀။ အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၂) ၂-ကေသိဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ