အဗ္ဘာစိက္ခနသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
အင်္ဂုတ္တိုရ်ဒုကနိပါတ် ပဌမပဏ္ဏာသက ဗာလဝဂ် ၌ အဗ္ဘာစိက္ခနသုတ် သုံးသုတ်ရှိပါသည်။
၂၂။ လူမိုက် ၂-မျိုးမှာ- မိမိအပြစ်ကို အပြစ်ဟု မရှုသူ၊ တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသူတို့ ဖြစ်သည်၊ အပြစ်ဟုရှုသူ လက်ခံသူ ဟု ပညာရှိ ၂-မျိုးကိုလည်း အပြန်အားဖြင့် မိန့်သည်။
၂၃။ ဘုရားရှင်ကို မဟုတ်မမှန် ပြောဆိုစွပ်စွဲတတ်သူ ၂-မျိုးမှာ- ဒေါသကိန်း၍ ဒေါသသည် ဖျက်ဆီးအပ်သူ၊ မကောင်းသောယူခြင်းဖြင့်ယူသော သဒ္ဓါလွန်ကဲ သူတို့ဖြစ်သည်၊ ပထမပုဂ္ဂိုလ်မှာ “ရဟန်းဂေါတမအား တရားထူးမရှိ” စသည်ပြောဆိုသော သုနက္ခတ်လို အစားဖြစ်သည်၊ ဒုတိယပုဂ္ဂိုလ်မှာ ဉာဏ်မပါ သဒ္ဓါသာလွန်သူ ဖြစ်၍ ဘုရားရှင်သည် အားလုံး လောကုတ္တရာဖြစ်သည်။ ထို့ကြောင့် ဆံစသော ၃၂-ပါးသော ကာယလည်း လောကုတ္တရာသာ စသည်ဖြင့် အမှားယူ၍ ဘုရားကို စွပ်စွဲ တတ်သည်။
၂၄။ ဘုရားရှင် မဟောပြောအပ်သည်ကို ဟောပြောအပ်သည်ဟုပြသူ၊ ဟောပြောအပ်သည်ကို မဟောပြောအပ်ဟုပြသူ ၂-မျိုးတို့သည်လည်း မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်သူများဖြစ်၍ ဘုရားရှင် မဟောပြောအပ်သည်ကို မဟောပြောအပ်၊ ဟော ပြောအပ်သည်ကို ဟောပြောအပ်ဟု ပြသူ ၂-မျိုးမှာ မစွပ်စွဲတတ်သူများဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ။