ဒုပ္ပဋိဝိနောဒယသုတ်

ဝီကီပီးဒီးယား မှ

[၁] ဖြစ်ပေါ်လာသော ရာဂ, ဒေါသ, မောဟ, ပဋိဘာန, ဂမိကစိတ္တ-ဟူသော တရားငါးမျိုးတို့ကို ပယ်ဖျောက်နိုင်ခဲ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ သင့်လျော်သော အကြောင်း, သင့်လျော်သော ဆင်ခြင်မှု, ဆုံးမမှုအစရှိသည်တို့ဖြင့် ပယ်ဖျောက်နိုင်ကြောင်း ဖွင့်ပြထားပါသည်။ [၂]


ဒုပ္ပဋိဝိနောဒယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဖြစ်ပေါ်လာသည့် တရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၃]

ဒုပ္ပဋိဝိနောဒယသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ’

  • ဖြစ်ပေါ်လာသည့် စွဲမက်မှု 'ရာဂ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု 'ဒေါသ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် တွေဝေမှု 'မောဟ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။

ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၆၂။ အံ၊မြန်၊၂၊၂၀၈။ အံ၊ဋ္ဌ၊၃၊၅၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၆) ၁-သဒ္ဓမ္မဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၁၀ - ဒုပ္ပဋိဝိနောဒယသုတ်