အနုတပ္ပိယသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁) အမှုသစ်၊ (၂) စကားပြောဆိုမှု၊ (၃) အိပ်ခြင်း၊ (၄) အပေါင်းအသင်း၊ (၅) ဆက်ဆံမှု (ငါးမျိုး)၊ (၆) သံသရာ၌ ချဲ့ထွင် (ကြာမြင့်)မှု ဟူသော တရားခြောက်ပါးတို့၌ မွေ့လျော်ပျော်ပိုက်အားထုတ်သော ကျောင်းနေရဟန်းသည် ကွယ်လွန်ပြီးနောက် အဖန်ဖန် ပူပန်နေရ၏။ ထိုတရားခြောက်မျိုးတို့၌ မမွေ့လျော် မပျော်ပိုက် အားမထုတ်သော ကျောင်းနေရဟန်းတော်သည် ကွယ်လွန်ပြီးနောက် မပူပန်ရတော့။ နိဗ္ဗာန်၌ မွေ့လျော်သော သက္ကာယဒိဋ္ဌိကို စွန့်ပယ်ပြီး ဒုက္ခ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သူဖြစ်၏-ဟု အရှင်သာရိပုတ္တရာထေရ်က ရဟန်းတို့အား ဟောပြသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၆၀-၁။ အံ၊မြန်၊၂၊၃၃၇-၈။ အံ၊ဋ္ဌ၊၃၊၉၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-သာရဏီယဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ