အဝိနယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁]အဝိနယ(ဝိနည်း၏ ဆန့်ကျင်ဘက် ဝိနည်းအတု)ကို အဝိနယ(ဝိနည်းအတု) ဟု ပြ(ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများ အစီး အပွားမဲ့ရန် ချမ်းသာမဲ့ရန် အကျိုးစီးပွားမဲ့ရန် နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏၊ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏၊ ဤသဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂]အဝိနယ(ဝိနည်း၏ ဆန့်ကျင်ဘက် ဝိနည်းအတု)ကို ဝိနယ (ဝိနည်းအစစ်)ဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံးနေခဲ့ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား, ချမ်းသာရန် နတ်လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏၊ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောကုသိုလ်တရားကို တိုးပွား စေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့ စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၅။ အံ၊ဋ္ဌ၊၁၊၆၆။ အံ၊ဋီ၊၁၊၁၁၈။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ ပဉ္စတ္တိံသတိမသုတ်။
  2. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၁-အဓမ္မဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ