ဥပညာတသုတ်

ဝီကီပီးဒီးယား မှ

[၁] ငါဘုရားသည် ကုသိုလ်တရားတို့၌ မရောင့်ရဲတင်းတိမ်နိုင်မှုနှင့် လုံ့လဝီရိယကို အားထုတ်မှု၌ နောက်မဆုတ်တမ်းအားထုတ်မှု-ဟူသောတရားနှစ်ပါးတို့၏ ဂုဏ်ကျေးဇူးကို အနီးကပ်သိတော်မူခဲ့ပြီ။ “ငါ၏ကိုယ်ခန္ဓာ၌ အရေ, အကြော, အရိုးမျှသာ ကြွင်းကျန် ပါစေ၊ အသားအသွေးတို့ ခမ်းခြောက်လျှင် ခမ်းခြောက်ကုန်ပါစေ၊ ယောက်ျားတို့ဉာဏ် ပညာနှင့်ယှဉ်သော အားအစွမ်း, လုံ့လဝီရိယ, အဆင့်ဆင့်သောအရာသို့ရောက်အောင် အားထုတ်မှုဖြင့် ရောက်သင့်ရောက်ထိုက်သော (အရဟတ္တဖိုလ်, သဗ္ဗညုတဉာဏ်, နိဗ္ဗာန်ဟူသော)ဂုဏ်ကျေးဇူးသို့ မရောက်မချင်း လုံ့လဝီရိယ၏တန့်ရပ်သွားခြင်း မဖြစ်ရဟု နောက်မဆုတ်တမ်း မနားမနေအားထုတ်ခဲ့ပြီ၊ ငါဘုရားသည် အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်, နိဗ္ဗာန်-ဟူသော ဂုဏ်ကျေးဇူးတရားကို မမေ့မလျော့ခြင်းဖြင့် ရရှိတော်မူခဲ့ပြီ။ သင်ချစ်သားတို့လည်း ငါဘုရားနည်းတူ ဉာဏ်ပညာနှင့် ယှဉ်သောလုံ့လ ဝီရိယကို အားထုတ်ကြလျှင် ဗြဟ္မစရိယအပြီးအဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခု ဘဝတွင်ပင် ရရှိကြပေလိမ့်မည်၊ အားထုတ်ကြလေ”ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၂။ အံ၊မြန်၊၁၊၆၄။ အံ၊ဋ္ဌ၊၂၊၅-၆။ အံ၊ဋီ၊၂၊၄။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ကမ္မကရဏဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ