ဆဠဘိဇာတိသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုရာဏကဿပဆရာကြီး ပညတ်အပ်သော အမျိုးဇာတ်(၆)မျိုး နှင့်စပ်၍ သက်ရှိလောက၌ရှိနေသော သတ္တဝါတို့၏ အမျိုးဇာတ်(၆)မျိုးနှင့် ယင်းအမျိုးဇာတ်ရှိသူတို့၏ မည်းညစ်သောသဘောတရား, ဖြူစင်သောသဘော တရားကို ဖြစ်စေပုံ၊ မည်းညစ်, ဖြူစင်သည်လည်းမဟုတ်သော နိဗ္ဗာန်သို့ရောက်နိုင်ပုံတို့ကို အကျယ်တဝင့် ပြည့်ပြည့်စုံစုံ အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ကုန်သည်သွားရင်း နွားသေရာ၌ လှည်းကုန်သည်၏ လုပ်တတ်သောသဘာဝနှင့် ပါဠိတော်ပုဒ်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌လည်း ကဏ္ဍကဝုတ္တိက၊ ဗိလံဩလဂ္ဂေယျ၊ ကဏှဓမ္မ၊ အကဏှအသုက္က နိဗ္ဗာနအစရှိသော မှတ်သားဖွယ်ရာများကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အံ၊၂၊၃၃၆-၃၄၀။ အံ၊မြန်၊၂၊၄၂၇-၄၃၁။ အံ၊ဋ္ဌ၊၃၊၁၂၆-၇။ အံ၊ဋီ၊၃၊၁၂၂-၄။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၆-မဟာဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ