ပဓာနသုတ်

ဝီကီပီးဒီးယား မှ

(၅)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် လူတို့သည် ပစ္စည်းလေးပါးလှူဒါန်းရန် ခဲယဉ်းပုံ၊ ရဟန်းတို့သည် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ လုပ်ငန်းကို အားထုတ်ရန် ခဲယဉ်းပုံ၊ ထိုနှစ်မျိုးတို့တွင် ဥပဓိ၏ ကုန်ရာ နိဗ္ဗာန် ရောက်ကြောင်း ဝိပဿနာလုပ်ငန်းကို အားထုတ်ကျင့်သုံးကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သမ္မပ္ပဓာန်တရားလေးပါးကို ပွားများအားထုတ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

သမ္မပ္ပဓာန်တရားလေးပါး ပွားများရခြင်း၏အကျိုးတို့ကိုလည်း ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သံဝရပ္ပဓာန ပဟာနပ္ပဓာန, ဘာဝနာပ္ပဓာန, အနုရက္ခဏပ္ပဓာန-ဟူသော ပဓာနတရားလေးပါး၏ အကျယ်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အာသဝေါ လေးတန် ကုန်ရာမှန်သည့် နိဗ္ဗာန်ရောက်ကြောင်း သီလဝါ, ဗဟုဿုတ, အာရဒ္ဓ ဝီရိယ, ပညဝါ-ဟူသော အပဏ္ဏကပဋိပဒါကို ကျင့်သုံးသောရဟန်း၏ အာသဝက္ခယ ဉာဏ်ရနိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၅] အလောင်းတော်မြတ် ဒုက္ကရစရိယာကျင့်တော်မူနေစဉ် ဒုက္ကရစရိယာ အကျင့်၏ ကျင့်နိုင်ခဲပုံ၊ အသက်သေဖို့နီးကပ်နေပုံ ကုသိုလ်ကောင်းမှုကိုသာ ပြုလုပ်၍ အသက်ရှင်အောင် အားထုတ်သင့်ပုံ-အစရှိသောစကားတို့ကို ပြောကြား၍ အနီး အနားသို့ရောက်လာသော မာရ်နတ်အား သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ မိမိ၌ အားကောင်းနေပုံ၊ ကာမကိုအလိုမရှိ စင်ကြယ်နေပုံ၊ မာရ်နတ်၏စစ်သည် ၁၀-မျိုး၊ ဂိရိမေခလာဆင်နှင့်တကွ မာရ်နတ်၏ စစ်သည်ဗိုလ်ပါအပေါင်းကို ပညာဖြင့် ဖျက်ဆီးအံ့၊ ငါသည် သမ္မာသင်္ကပ္ပ, သမ္မာသတိ၌ သာဝကတို့ကိုတည်စေလျက် ဆုံးမ၍ လှည့်လည်အံ့၊ ငါ့အဆုံးအမကို လိုက်နာကြကုန်သော သာဝကတို့သည် နိဗ္ဗာန်သို့ ရောက်ကြကုန်လတံ့-အစရှိသောစကားတို့ကို မိန့်ကြားတော်မူပုံ မာရ်နတ်စိတ်လျော့ပြီး ပြန်သွားပုံ၊ ဗေလုဝစောင်းကြီး လွတ်ကျနေခဲ့ပုံတို့ကို အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၁။ အံ၊မြန်၊၁၊၆၃။ အံ၊ဋ္ဌ၊၁၊၄။ အံ၊ဋီ၊၂၊၂-၃။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၁-ကမ္မကရဏဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၁၊၃၂၂-၃။ အံ၊မြန်၊၁၊၃၃၈။ အံ၊ဋ္ဌ၊၂၊၂၆၀။ အံ၊ဋီ၊၂၊၂၃၈။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ (၂) စရဝဂ္ဂ၊ တတိယသုတ်။
  3. -အံ၊၁၊၃၈၅-၆။ အံ၊မြန်၊၁၊၄၀၀-၁။ အံ၊ဋ္ဌ၊၂၊၃၁၇။ အံ၊ဋီ၊၂၊၃၁၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၇) ၂-ပတ္တကမ္မဝဂ္ဂ၊ နဝမသုတ်။
  4. -အံ၊၁၊၃၈၈။ အံ၊မြန်၊၁၊၄၀၂။ အံ၊ဋ္ဌ၊၂၊၃၁၈။ အံ၊ဋီ၊၂၊၃၁၃။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသ၊ (၈) ၃-အပဏ္ဏကဝဂ္ဂ၊ ပဌမသုတ်။
  5. -သုတ္တနိ၊၃၄၁။ သုတ္တနိ၊မြန်၊၃၂၂-၄။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁၄-၁၂၁။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၃-မဟာဝဂ္ဂ၊ ဒုတိယသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ