အဒုဋ္ဌုလ္လာပတ္တိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အဒုဋ္ဌုလ္လအာပတ်ကို ဒုဋ္ဌလ္လအာပတ်ဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်ခဲ့ကြသော ရဟန်းတို့သည် လူအများအစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုး စီးပွားမဲ့ရန်၊ နတ်, လူတို့ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကုန်၏။ ဤသဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] အဒုဋ္ဌုလ္လအာပတ်ကို အဒုဋ္ဌုလ္လအာပတ်ဟု ပြ(ပြောဟော, ရေးသား, သင်ကြား ယူဆ, ကျင်သုံးနေ)ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား, ချမ်းသာရန်၊ နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ သည်သာမကသေး ထို ရဟန်းတို့သည် များစွာသောကုသိုလ်တရားကို တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၂-အနာပတ္တိဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -အံ၊၁၊၂၁။ အံ၊မြန်၊၁၊၂၇။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၂-အနာပတ္တိဝဂ္ဂ၊ သောဠသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ