နန္ဒသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရနတ်သား၏ လျှောက်ထားချက်ကို အချိန်အခါ၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏။ (ပဌမ, မဇ္ဈိမ, ပစ္ဆိမ)အရွယ်တို့သည် (ပုဂ္ဂိုလ်ကို)အစဉ်အတိုင်း စွန့်ကုန်၏။ ငြိမ်းချမ်းရာ နိဗ္ဗာန်ကို အလိုရှိသူသည် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်)ကို စွန့်ရာ၏ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ညီတော်နန္ဒရဟန်း၏ သဒ္ဓါပဗ္ဗဇိတ ကုလပုတ္တနှင့် မလျော်သောကိစ္စကို အကြောင်းပြု၍ ကဲ့ရဲ့တော်မူပြီး “ကဒါဟံ”အစရှိသော ဂါထာကို ဟောတော်မူခြင်းကြောင့် ဘုရားရှင် မနှစ်သက်သောအရာတို့ကို ပယ်စွန့်၍ ဟောတော်မူသည့်အတိုင်း လိုက်နာ ကျင့်သုံးခြင်းကြောင့် မကြာခင် ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၃] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နန္ဒရဟန်း၏ဗြဟ္မစရိယကို ပရိပုဏ္ဏ, ပရိသုဒ္ဓဖြစ်အောင် ကျင့်သုံးရန် ဣန္ဒြိယဂုတ္တ, ဘောဇနမတ္တညု, ဇာဂရိယာနုယောဂ, သတိသမ္ပဇညနှင့် ပြည့်စုံပုံကို အကျယ်ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၄] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ညီတော်နန္ဒထေရ် အဋ္ဌုပ္ပတ္တိနှင့် ရဟန္တာဖြစ်ပုံ အစရှိသည်တို့ကို အကျယ်ဟောတော် မူသည့်သုတ်။

ပါဠိတော်နှင့် အဋ္ဌကထာ၌ အကြောင်းအရာ ဖွင့်ဆိုချက် အပြည့်အစုံ ပါရှိသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၆၂။ သံ၊မြန်၊၁၊၆၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ သတ္တမသုတ်။
  2. -သံ၊၁၊၄၆၈။ သံ၊မြန်၊၁၊၄၅၇။ သံ၊ဋ္ဌ၊၂၊၂၁၉။ သံ၊ဋီ၊၂၊၁၉၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁၀-ဘိက္ခုသံယုတ္တ၊ အဋ္ဌမသုတ်။
  3. -အံ၊၃၊၁၄-၅။ အံ၊မြန်၊၃၊၁၅-၇။ အံ၊ဋ္ဌ၊၃၊၁၉၆-၇။ အံ၊ဋီ၊၃၊၂၀၆-၇။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-မေတ္တာဝဂ္ဂ၊ နဝမသုတ်။
  4. -ဥဒါန၊၁၀၁-၄။ ဥဒါန၊မြန်၊၉၃-၅။ ဥဒါန၊ဋ္ဌ၊၁၅၀-၁၆၁။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၃-နန္ဒဝဂ္ဂ၊ ဒုတိယသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ