အနဝတ္ထိတသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁) အလုံးစုံသော သင်္ခါရတို့သည် မတည်တံ့ကုန်သည်ဖြစ်၍ ငါ့အား ထင်လာကုန်လိမ့်မည်။

(၂) အလုံးစုံသော တေဓာတုက လောက၌လည်း ငါ၏စိတ်သည် မွေ့လျော်လိမ့်မည်မဟုတ်။

(၃) အလုံးစုံသော လောကမှလည်း ငါ၏စိတ်သည် ထမြောက်လိမ့်မည်။

(၄) ငါ၏စိတ်သည် နိဗ္ဗာန်သို့ ညွတ်လိမ့်မည်။

(၅) ငါ့သံယောဇဉ်တို့ ပယ်ခြင်းသို့ရောက်လိမ့်မည်။

(၆) ငါသည် မြတ်သော ရဟန်းအဖြစ်နှင့် ပြည့်စုံရလိမ့်မည်-ဟူသော အကျိုး (၆)ပါးတို့ကို ကောင်းစွာသိမြင်သော ရဟန်းသည် အလုံးစုံသော သင်္ခါရတို့၌ အပိုင်း အခြားကို မပြုမူ၍ အနိစ္စသညာကို ဖြစ်စေသင့်သည်သာတည်း-ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၃၈၅။ အံ၊မြန်၊၂၊၄၈၆။ အံ၊ဋ္ဌ၊၃၊၁၄၁။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁၀-အာနိသံသဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ