ဖရုသဝါစာသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ်ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်က လက်သည်းဖျားပေါ်၌ မြေမှုံ့များကိုတင်ထားပြီး လက်သည်းဖျားပေါ်က မြေမှုံ့နှင့် မဟာပထဝီမြေကြီးပေါ်ရှိ မြေမှုံ့တို့ ဘယ်ဟာကများသနည်းဟု မေးတော်မူပြီး မြေကြီးပေါ်ရှိ မြေမှုံ့များနှင့်ထောက်ဆပါက လက်သည်းခွန်ပေါ်ရှိ မြေမှုံက ရေတွက်ထောက်ဆလို့ အစိတ်အပိုင်းမျှဟု မဆိုလောက်အောင်ပင် နည်းပါးလှပုံကို ရဟန်းတို့၏ လျှောက်ထားလာမှုကို အကြောင်းပြု၍ “ဖရုသဝါစာမှ ရှောင်ကြဉ်သော သတ္တဝါတို့ထက် မရှောင်ကြဉ်သောသတ္တဝါတို့က ပို၍များပြားလှပုံ”ကို ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “မိမိကိုယ်တိုင် ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ သူတစ်ပါးကိုလည်း ထိုစကားကို ပြောဆို စေခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၌ နှစ်သက်သဘောတူခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုခြင်း ဟူသော တရားလေးမျိုးတို့နှင့် ပြည့်စုံသောသူသည် ကွယ်လွန်သည်၏အခြားမဲ့၌ ငရဲသို့ ရောက်ရ၏။ ထိုတရားလေးမျိုးမှ ရှောင်ကြဉ်သောသူသည် ကွယ်လွန်သည့်အခါ နတ်ပြည်သို့ရောက်ရ၏”ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၄၀၇။ သံ၊မြန်၊၃၊၃၄၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ (၈)ဒုတိယအာမကဓညပေယျာလဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -အံ၊၁၅၇၇-၈။ အံ၊မြန်၊၁၊၅၉၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၅) ၇-ကမ္မပထဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ