ဂိရိမာနန္ဒသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်ဂိရိမာနန္ဒသည် အပြင်းအထန် မကျန်းမမာဖြစ်နေရာသို့ ကြွရောက်တော်မူပါရန် အရှင်အာနန္ဒာက လျှောက်ထားသဖြင့် သညာ (၁၀)ပါးကို အကျယ်အားဖြင့် အရှင်အာနန္ဒာအား ဟောတော်မူပြီး ယင်းသညာဒေသနာတော်ကို ကြားနာရ ခြင်းကြောင့် အရှင်ဂိရိမာနန္ဒရဟန်း ဝေဒနာပျောက်ကင်းသွားမည်ဟု မိန့်ကြားတော် မူသဖြင့် အရှင်အာနန္ဒာက အရှင်ဂိရိမာနန္ဒထေရ်အား ဒသကသညာ ဒေသနာတော်ကို ဟောကြားတော်မူပြီးသည်၏ ခဏ၌ အရှင်ဂိရိမာနန္ဒထေရ် ဝေဒနာ ပျောက်ကင်းသွားပုံကို ဟောတော်မူသည့်သုတ်။

ဤသုတ် အာဒီနဝသညာ၌ အနာရောဂါ (၆၀)မျိုးကို ဟောတော်မူပါသည်။ အဋ္ဌကထာ၌ သည်းခြေကြောင့်ဖြစ်သော ဝေဒနာ(၃၂)ပါး၊ သလိပ်ကြောင့်, လေကြောင့် ထိုသုံးမျိုး ပျက်စီးခြင်းကြောင့် အနာရောဂါများ (၃၂)မျိုးစီ ရှိကြောင်း ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း ရောဂါအဖွင့်များ ပါရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၃၄၂-၅။ အံ၊မြန်၊၃၊၃၄၁-၄။ အံ၊ဋ္ဌ၊၃၊၃၁၇။ အံ၊ဋီ၊၃၊၃၃၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆) ၁-သစိတ္တဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ