ပါဏာတိပါတသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မဟာပထဝီမြေကြီးကို ထောက်လျှင် ငါဘုရားလက်သည်းခွံပေါ်၌ရှိသော မြေမှုံ့သည် မပြောပဖွယ် အနည်း ငယ်မျှသာဖြစ်သကဲ့သို့၊ ထို့အတူ ပါဏာတိပါတမှရှောင်ကြဉ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာဖြစ်ကုန်၏။ မရှောင်ကြဉ်သောသတ္တဝါတို့သည် အလွန်များလှပေကုန်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပါဏာတိပါတီ၊ အဒိန္ဒာဒါယီ၊ ကာမေသုမိစ္ဆာစာရီ၊ မုသာဝါဒီ-ဟူသော တရားလေးပါးနှင့်ပြည့်သောပုဂ္ဂိုလ်သည် ငရဲ၌ပစ်ချလိုက်သကဲ့သို့ ငရဲ၌ဖြစ်ရ၏။

ယင်းတရားလေးပါးမှ ရှောင်ကြဉ်သောပုဂ္ဂိုလ်သည် နတ်ပြည်၌ ပစ်ချလိုက် သကဲ့သို့ နတ်ပြည်၌ဖြစ်ရ၏ဟု ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၄၀၆။ သံ၊မြန်၊၃၊၄၁၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၈-ဒုတိယအာမကဓညပေယျာလဝဂ္ဂ၊ ပထမသုတ်။
  2. -အံ၊၁၊၃၉၅။ အံ၊မြန်၊၁၊၄၀၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉) ၄-မစလဝဂ္ဂ၊ ပထမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ