နကုလပိတုသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရိမြို့အနီး ဘေသကဠာ တောအုပ်ဝယ် သီတင်းသုံးတော်မူစဉ် ဘုရားရှင်က နကုလပိတုသူကြွယ်အား ကိုယ်နာကျင်သော်လည်း စိတ်မနာကျင်အောင် ရှုနည်းဖြင့်လည်းကောင်း, အရှင်သာရိပုတ္တရာထေရ်က (က)ကိုယ်လည်းနာကျင်, စိတ်လည်းနာကျင်သောရှုနည်း (ခ)ကိုယ်နာကျင်သော်လည်း စိတ်နာကျင်မှုကင်းအောင်ရှုနည်းတို့ဖြင့်လည်းကောင်း ဩဝါဒကထာအဖြစ် မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၂] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရမြို့အနီး ဘေသကဠ မိဂဒါယတောအုပ်ဝယ် သီတင်းသုံးတော်မူစဉ် နကုလပိတာ သူကြွယ်၏ မေးမြန်းလျှောက်ထားချက်အရ မျက်မှောက်ဘဝ၌ ကိလေသာမငြိမ်းနိုင်သောရဟန်း, ကိလေသာငြိမ်းအေးနိုင်သော ရဟန်းတို့ကို အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗဟိဒ္ဓါယတန ၆-ပါး၊ ဝိညာဏ် ၆-ပါးတို့ဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] ဘုရားရှင် ဘဂ္ဂနိုင်ငံ သုသုမာရဂိရိမြို့အနီး ဘေသကဠာတောအုပ်၌ သီတင်းသုံးတော်မူစဉ် ပြင်းထန်စွာ မကျန်းမမာဖျားနာနေသော နကုလပိတာ သူကြွယ်အား နကုလမာတာ ဥပါသိကာက မိမိ၏ဂုဏ်ရည် (၆)မျိုးတို့ကို ပြောဆို၍ သစ္စာပြုရာ ရောဂါပျောက်ကင်းသွားပုံ ဘုရားရှင်က နကုလမာတာ ဥပါသိကာ၏ ဂုဏ်ရည်တို့ကို ချီးကျူး မိန့်ကြားတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁-၅။ သံ၊မြန်၊၂၊၁-၅။ သံ၊ဋ္ဌ၊၂၊၂၂၉-၂၃၆။ သံ၊ဋီ၊၂၊၂၀၁-၇။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၁-နကုလပိတုဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၂၊၃၃၃-၄။ သံ၊မြန်၊၂၊၃၂၇-၈။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၃) ၃-ဂဟပတိဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. -အံ၊၂၊၂၆၁-၄။ အံ၊မြန်၊၂၊၃၃၈-၃၄၁။ -အံ၊ဋ္ဌ၊၃၊၉၇။ အံ၊ဋီ၊၃၊၉၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၂-သာရဏီယဝဂ္ဂ၊ ဆဋ္ဌသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ