အဝဏ္ဏာရဟသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဉာဏ်ပညာဖြင့် မစူးစမ်း မဆင်ခြင်ပဲ (၁)ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းခြင်း၊ (၂)ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း၊ (၃) မကြည်ညိုသင့်သောအရာ၌ ကြည်ညိုခြင်း၊ (၄) ကြည်ညိုသင့်သောအရာ၌ မကြည်ညိုခြင်း-ဟူသော တရားလေးပါးနှင့် ပြည့်စုံသူသည် ငရဲ၌ ဖြစ်ရသည်၊ ယင်းတရားလေးပါး၏ ဆန့်ကျင်ဘက် တရားလေးမျိုးနှင့် ပြည့်စုံသူသည် နတ်ပြည်၌ ဖြစ်ရသည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။


[၂] -ပထမသုတ်၌ -အထက်သုတ်တော်လာ တရားလေးပါးနှင့် သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းကို ဖျက်ဆီးခြင်းကိုလည်းကောင်း၊

-ဒုတိယသုတ်၌ -အထက်သုတ်တော်လာ တရားလေးပါးတွင် အမှတ် (၃)တရား၌ ကျောင်း၌ဝန်တိုခြင်း၊ ကျောင်း၌ မက်မောခြင်းကိုလည်းကောင်း၊

-တတိယသုတ်၌ -ဒုတိယသုတ်လာ တရားလေးပါးတွင် လာဘ်၌ ဝန်တိုခြင်းတရားကို လည်းကောင်း၊ လဲလှယ်၍ အာဝါသိက (ကျောင်းထိုင်)ရဟန်း၏ ငရဲသို့ရောက်နိုင်သော အပြစ်ငါးမျိုး၊ နတ်ပြည်သို့ရောက်နိုင်သော တရားငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခခွဲခြား၍ ဟောတော်မူသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၃၉၆။ အံ၊မြန်၊၁၊၄၁၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉) ၄-မစလဝဂ္ဂ၊ တတိယသုတ်။
  2. -အံ၊၂၊၂၃၀-၂။ အံ၊မြန်၊၂၊၂၉၃-၆။ အံ၊ဋ္ဌ၊၃၊၈၄။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၄) ၄-အာဝါသိကဝဂ္ဂ၊ ပထမ၊ ဒုတိယ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ