ဆဝါလာတသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ မိမိ အကျိုးစီးပွားများရန်လည်းမကျင့် သူတစ်ပါးအကျိုးစီးပွား များရန်လည်း မကျင့်သောပုဂ္ဂိုလ်သည် ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ သစ်သားကိစ္စ၌ အသုံးမပြု ရသော အစနှစ်ဖက်၌ မီးစွဲလောင်ထား၍ အလယ်၌ မစင်လိမ်းကျံပေနေသော လူသေကောင်ကို မီးရှို့ရာ၌ အသုံးပြုသော ထင်းမီးစနှင့်တူသောပုဂ္ဂိုလ်ဟု လည် ကောင်း၊ သူတစ်ပါးအကျိုးစီးပွားကိုသာ ပြုကျင့်ပြီး မိမိ၏အကျိုးစီးပွားကို မပြုကျင့် သောပုဂ္ဂိုလ်ကို အမှတ်(၁) ပုဂ္ဂိုလ်ထက် အဘိက္ကန္တတရ၊ ပဏီတတရ ဖြစ်၏ဟု လည်းကောင်း၊ မိမိ၏အကျိုးစီးပွားကိုသာ ပြုကျင့်၍ သူတစ်ပါးတို့၏အကျိုးစီးပွားကို မပြုကျင့်သောပုဂ္ဂိုလ်သည် အမှတ်(၁၊၂)ပုဂ္ဂိုလ်တို့ထက် အဘိက္ကန္တတရ၊ ပဏီတတရဖြစ်၏ဟုလည်းကောင်း၊ မိမိသူတစ်ပါးနှစ်ဦးလုံး အကျိုးစီးပွားကို ပြုကျင့်သူသည် ရှေ့ပုဂ္ဂိုလ်(၃)ဦးတို့ထက် အဂ္ဂ, သေဋ္ဌ, ပါမောက္ခ, ဥတ္တမ, ပဝရဖြစ်သူ၊ နွားနို့အရသာ(၅)မျိုးတို့တွင် ထောပတ်ကြည်နှင့် တူသောပုဂ္ဂိုလ်ဟု ၄င်းပုဂ္ဂိုလ် လေးမျိုးကို ဝေဖန်၍ ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဆဝါလာတူပမပုဂ္ဂိုလ်သည် ဒုဿီလပုဂ္ဂိုလ်မဟုတ် အပ္ပဿုတ, ဝိဿဋ္ဌကမ္မန္တ ဂေါဏသဒိသပုဂ္ဂိုလ်ကို ဟောတော်မူကြောင်း ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၄၀၇-၈။ အံ၊မြန်၊၁၊၄၂၁-၂။ အံ၊ဋ္ဌ၊၂၊၃၂၅-၆။ အံ၊ဋီ၊၂၊၃၂၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၁၀)၅-အသုရဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ