အသုံးပြုသူ:QXQ080/sandbox
တိုင်းဒေသကြီးတရားလွှတ်တော် နှင့် ပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ အခန်း (၆) တရားစီရင်ရေးဆိုင်ရာ အခန်းကဏ္ဍကို ဖော်ပြထားပါသည်။
တရားရုံးများဖွဲ့စည်းခြင်း
၂၉၃။ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းသည် –
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
( ဂ ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
၂၉၄။ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။
တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များဖွဲ့စည်းခြင်း
၃၀၅။ တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး တရားလွှတ်တော်ကိုလည်းကောင်း၊ ပြည်နယ်တွင် ပြည်နယ် တရားလွှတ်တော်ကိုလည်းကောင်း ထားရှိသည်။
တရားလွှတ်တော်များတည်နေရာ
[ပြင်ဆင်ရန်]- ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ တွင် ကချင်ပြည်နယ်တရားလွှတ်တော် ကို လည်းကောင်း ၊
- ကယားပြည်နယ် ၊ လွိုင်ကော်မြို့ တွင် ကယားပြည်နယ်တရားလွှတ်တော်ကို လည်းကောင်း ၊
- ကရင်ပြည်နယ် ၊ ဘားအံမြို့ တွင် ကရင်ပြည်နယ်တရားလွှတ်တော်ကို လည်းကောင်း ၊
- ချင်းပြည်နယ် ၊ ဖလမ်းမြို့ တွင် ချင်းပြည်နယ်တရားလွှတ်တော်ကို လည်းကောင်း ၊
- စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ တွင် စစ်ကိုင်းတိုင်ဒေသကြီးတရားလွှတ်တော်ကိုလည်းကောင််း ၊
- တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ တွင် တနင်္သာရီတိုင်ဒေသကြီးတရားလွှတ်တော် ကိုလည်းကောင်း ၊
- ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ တွင် ပဲဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ကိို လည်းကောင်း ၊
- မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ တွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် ကို လည်းကောင်း ၊
- မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့ တွင် မန္တလေးတိုင်ဒေသကြီးတရားလွှတ်တော် ကို လည်းကောင်း ၊
- မွန်ပြည်နယ် ၊မော်လမြိုင် မြို့ တွင် မွန်ပြည်နယ်တရားလွှတ်တော် ကို လည်််််းကောင်း ၊
- ရခိုင်ပြည်နယ် ၊စစ်တွေမြို့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော် ကို လည်းကောင်း ၊
- ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်မြို့ တွင်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ကို လည်းကောင်း ၊
- ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ တွင်ရှမ်းပြည်နယ်တရားလွှတ်တော် ကို လည်းကောင်း ၊
- ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် ကို လည်းကောင်း တည်ရှိပါသည်။
စီရင်ပိုင်ခွင့်အာဏာ
[ပြင်ဆင်ရန်]၃၀၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အောက်ပါတရားစီရင်ပိုင်ခွင့်အာဏာများရှိသည် –
(က) မူလမှုကိုစီရင်ခြင်း၊
( ခ ) အယူခံမှုကိုစီရင်ခြင်း၊
( ဂ ) ပြင်ဆင်မှုကိုစီရင်ခြင်း၊
(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကိုစီရင်ခြင်း။
၃၀၇။ (က) တရားစီရင်ရေးဆိုင်ရာကိစ္စအလို့ငှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည် နေပြည်တော် အတွင်းရှိ တရားရုံးများ၏တရားလွှတ်တော်ဖြစ်သည်၊
( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဒေသတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်လျှင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအလို့ငှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ယင်းပြည်ထောင်စုနယ်မြေအတွင်းရှိ တရားရုံးများ၏ တရားလွှတ်တော် ဖြစ်သည်။
ခန့်အပ်ခြင်း
[ပြင်ဆင်ရန်]တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများ ခန့်အပ်ခြင်း
၃၀၈။ (က) (၁) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏အကြီးအမှူးကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဟုခေါ်ရမည်၊
(၂) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ သို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဦးရေ အနည်းဆုံး သုံးဦးမှ အများဆုံး ခုနစ်ဦးအထိ ခန့်အပ်နိုင်သည်၊
( ခ ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီးသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည်စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည်စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့ရမည်၊
(၂) ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်း များနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်းအမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ၊
(၃) ပုဒ်မခွဲငယ် (၂) အရ ငြင်းပယ်ခြင်းခံရသောပုဂ္ဂိုလ်များအစား အမည်စာရင်းသစ်ကို သတ်မှတ် ထားသည့်အတိုင်း ထပ်မံတင်သွင်းခွင့်ရှိသည်၊
(၄) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်က သဘောတူညီသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် လည်းကောင်းခန့်အပ်ရမည်။
၃၀၉။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည်ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊
( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည်နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီအငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။
တရားသူကြီးအမည်စာရင်း
[ပြင်ဆင်ရန်]လက်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ပြည်ထောင်စုတရားသူကြီးချုပ် တဦး နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး (၈) ဦးရှိသည်။
စဉ် | အမည် | ခန့်အပ်သည့် ရက်စွဲ | မဖြစ်မနေအငြိမ်းစားယူ ရက်စွဲ | အမည်တင်သွင်းသည့် သမ္မတ | ယခင် တာဝန်ထမ်းဆောင်မှု | ပညာအရည်အချင်း |
---|---|---|---|---|---|---|
၁ | ဦးထွန်းထွန်းဦး (ပြည်ထောင်စုတရားသူကြီးချုပ်) |
၂၀၁၁ မတ်လ ၃၀ | ၂၀၂၆ | ဦးသိန်းစိန် | ဒုပြည်ထောင်စုတရားသူကြီးချုပ် | B.A. (Law), LL.B (Rangoon University) |
၂ | ဦးသာဌေး | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၈ | ဦးသိန်းစိန် | ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် | LL.B (Rangoon University) |
၃ | ဦးမြင့်အောင် | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၂ | ဦးသိန်းစိန် | ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး | B.A (Psychology), Higher Grade Pleadership Certificate (1981) |
၄ | ဦးအောင်ဇော်သိန်း | ၂၀၁၁ မတ်လ ၃၀ | ၂၀၂၇ | ဦးသိန်းစိန် | လက်ထောက် စစ်ဥပဒေချုပ် | B.A. (Law), LL.B (Rangoon University) |
၅ | ဦးမြဟန် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၃ | ဦးထင်ကျော် | တရားလွှတ်တော်ရှေ့နေ | B.A. (Law), LL.B (Rangoon University), Dip in Business Management, Dip in Maritime Law |
၆ | ဦးမျိုးတင့် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၆ | ဦးထင်ကျော် | ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ညွှန်ကြားရေးမှူးချုပ် | LL.B (Rangoon University) |
၇ | ဦးစိုးနိုင် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၅ | ဦးထင်ကျော် | မန္တလေးတိုင်းဒေသကြီးဥပဒေအရာရှိ | B.A. (Law), LL.B (Rangoon University) |
၈ | ဦးခင်မောင်ကြည် | ၂၀၁၇ ဇွန်လ ၁၄ | ၂၀၂၈ | ဦးထင်ကျော် | တရားလွှတ်တော်ရှေ့နေ | LL.B (Mandalay Arts and Science University) |
၉ | ဦးမျိုးဝင်း | ၂၀၁၈ နိုဝင်ဘာလ ၁၅ | ၂၀၂၈ | ဦးဝင်းမြင့် | တရားလွှတ်တော်ရှေ့နေ | LL.B (Rangoon University) |
လက်ရှိ တရားလွှတ်တော် ဖွဲ့စည်းထားရှိမှု
[ပြင်ဆင်ရန်]ပြည်နယ်တရားလွှတ်တော် နှင့် တိုင်းဒေသကြီး တရားလွှတ်တော်များကို အသက် (၄၅)နှစ် မှ (၆၅)နှစ် ထိ သတ်မှတ်ထာသော တရားလွှတ်တော်တရားသူကြီးချုပ် (၁)ဦး အပါအဝင် တရားလွှတ်တော်တရားသူကြီးများကို အနည်းဆုံး (၃)ဦး မှ အများဆုံး (၇)ဦး ထိ အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်
တရားလွှတ်တော် | တရားသူကြီး | ရာထူး | မွေးသက္ကရာဇ် | ခန့်အပ်သည့်နှစ် | သက်ပြည့်နှစ် |
---|---|---|---|---|---|
ကချင်ပြည်နယ် တရားလွှတ်တော် |
|
|
|
| |
ကယားပြည်နယ် တရားလွှတ်တော် |
|
|
|
| |
ကရင်ပြည်နယ် တရားလွှတ်တော် |
|
|
|
| |
ချင်းပြည်နယ်
တရားလွှတ်တော် |
|
|
|
| |
စစ်ကိုင်းတိုင်ဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
တနင်္သာရီတိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
ပဲခူးတိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
မကွေးတိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
မန္တလေးတိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
မွန်ပြည်နယ်
တရားလွှတ်တော် |
|
|
|
| |
ရခိုင်ပြည်နယ်
တရားလွှတ်တော် |
|
|
|
| |
ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
| |
ရှမ်းပြည်နယ်
တရားလွှတ်တော် |
|
|
|
| |
ဧရာဝတီတိုင်းဒေသကြီး
တရားလွှတ်တော် |
|
|
|
|
အရည်အချင်း
[ပြင်ဆင်ရန်]၃၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် –
(က) အသက် ၄၅ နှစ်ထက်မငယ်၊ အသက် ၆၅ နှစ်ထက်မကြီးသူ၊
( ခ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊
( ဂ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းငြိစွန်းခြင်းမရှိသူ၊
(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(၂) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၃) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ်နိုင်ငံတော်သမ္မတက ယူဆသူ။
( င ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ၊
( စ ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
(ဆ) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။
စွပ်စွဲပြစ်တင်ခြင်း
[ပြင်ဆင်ရန်]၃၁၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးကိုလည်းကောင်း အောက်ပါအကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် -
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ပုဒ်မ ၃၁၀ တွင် ပြဋ္ဌာန်းထားသောတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
( ခ ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတစ်ဦးဦးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက မိမိ၏စွပ်စွဲချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရမည်၊
( ဂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည်သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့်လုပ်ငန်းပမာဏကိုထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊
( င ) (၁) နိုင်ငံတော်သမ္မတ သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုသက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊
(၂) နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်သည် မိမိ၏စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်။
( စ ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအားကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(ဆ) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကိုတင်ပြသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်၊
( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း ထိုဆုံးဖြတ်ချက်ကိုတင်ပြရမည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဖော်ပြပါတင်ပြချက်ကို ရရှိသည့်အခါနိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြရမည်၊
(ဈ) ယင်းသို့တင်ပြချက်များရရှိသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကို ရာထူးမှရပ်စဲရမည်၊
(ည) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ကဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း တင်ပြရမည်။
ရာထူးသက်တမ်း
[ပြင်ဆင်ရန်]၃၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည် -
(က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက်ခြင်း၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ရာထူးမှရပ်စဲခံရခြင်း၊
( ဂ ) ဥပဒေအရသတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊
(ဃ) ကွယ်လွန်ခြင်း။
၃၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ တာဝန်များ၊လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
website
[ပြင်ဆင်ရန်]“တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် (၁၄) ခု၏ Website များ လွှင့်တင်ပြီးဖြစ်ကြောင်း ကြေညာခြင်း” ++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာ ၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူလူထု၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရား မျှတမှုဆီသို့” ဆိုသော ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲခဲ့ပြီး လုပ်ငန်းနယ်ပယ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်” ဟူသည့် လုပ်ငန်းနယ်ပယ်တစ်ရပ်လည်း ပါဝင် ပါသည်။ ထို လုပ်ငန်းနယ်ပယ်အောက်တွင် “အများပြည်သူဆိုင်ရာ သတင်း အချက်အလက် အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း” ဟူသည့် မဟာဗျူဟာ အစီအစဉ် ၂.၁.၃ ထည့်သွင်း၍ တရားလွှတ်တော်များ၏ ဝက်ဘ်ဆိုဒ်များ ရေးဆွဲလွှင့်တင်နိုင်ရန် ၂၀၁၉ နှင့် ၂၀၂၀ မဟာဗျူဟာလုပ်ငန်း အစီအစဉ်များ တွင် ထည့်သွင်းဆောင်ရွက်ခဲ့ ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် (၁၄) ခု၏ Website များ ရေးဆွဲဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့မှစ၍ စတင်လွှင့်တင်ထားပြီး ဖြစ်ပါသည်။ တရားလွှတ်တော် Website အားလုံး၏ Design အပြင်အဆင်များမှာ တစ်ပြေးညီဖြစ်ပြီး သက်ဆိုင်ရာ တရားလွှတ်တော်များ၏ အမှုခေါ်စာရင်းများ၊ လက်ခံကြားနာသည့် အမှုများ၏ အခြေအနေ၊ လှုပ်ရှားဆောင်ရွက်သည့် သတင်းများ၊ တရားရုံးလိပ်စာများ၊ လေလံဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ် ကဏ္ဍ၊ ဓာတ်ပုံ၊ ဗီဒီယို၊ တရားစီရင်ရေးဆိုင်ရာ စာအုပ်စာတမ်းများစသည်ဖြင့် ကဏ္ဍ စုံလင်စွာ ဖော်ပြထားသဖြင့် ရှေ့နေရှေ့ရပ်၊ အမှုသည်၊ ဆက်စပ် အဖွဲ့အစည်းများ စသည့် တရားရုံးအသုံးပြုသူများအပြင် တရားစီရင်ရေးဆိုင်ရာ သတင်းအချက် အလက်များကို စိတ်ပါဝင်စားသည့် အများပြည်သူအတွက် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။ တရားလွှတ်တော်များ၏ Website များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ အောက်ပါလင့်များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ကချင်ပြည်နယ်တရားလွှတ်တော် https://kachin.hc.gov.mm
ကယားပြည်နယ်တရားလွှတ်တော် https://kayah.hc.gov.mm
ကရင်ပြည်နယ်တရားလွှတ်တော် https://kayin.hc.gov.mm
ချင်းပြည်နယ်တရားလွှတ်တော် https://chin.hc.gov.mm
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် https://sagaing.hc.gov.mm
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် https://thanintharyi.hc.gov.mm
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် https://bago.hc.gov.mm
မကွေးတိုင်းဒေသကြီးတရားလွှတ်တော် https://magway.hc.gov.mm
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် https://mandalay.hc.gov.mm
မွန်ပြည်နယ်တရားလွှတ်တော် https://mon.hc.gov.mm
ရခိုင်ပြည်နယ်တရားလွှတ်တော် https://rakhine.hc.gov.mm
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် https://yangon.hc.gov.mm
ရှမ်းပြည်နယ်တရားလွှတ်တော် https://shan.hc.gov.mm
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် https://ayeyarwady.hc.gov.mm
Copyright © 2019 Supreme Court of the Union. All Rights Reserved.
The Supreme Court of the Union No. 54, Thiri Mandine Street, Othara Thiri Township, Nay Pyi Taw Website: http://www.unionsupremecourt.gov.mm
တရားလွတ်တော် ကြီးကြပ်မှု အောက်၌ အဆင့်ဆင့်သောတရားရုံးများစာရင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံအလယ်ပိုင်း
[ပြင်ဆင်ရန်]မကွေးတိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၅)ရုံး နှင့် မြို့နယ်တရားရုံး (၂၅)ရုံး
မကွေးခရိုင်တရားရုံး |
|
---|---|
မင်းဘူးခရိုင်တရားရုံး |
|
ပခုက္ကူခရိုင်တရားရုံး |
|
သရက်ခရိုင်တရားရုံး |
|
ဂန့်ဂေါခရိုင်တရားရုံး |
|
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၉)ရုံး နှင့် မြို့နယ်တရားရုံး (၃၆)ရုံး
မြန်မာနိုင်ငံအရှေ့ပိုင်း
[ပြင်ဆင်ရန်]ကယားပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၂)ရုံး နှင့် မြို့နယ်တရားရုံး (၇)ရုံး
လွိုင်ကော်ခရိုင်တရားရုံး |
|
---|---|
ဘော်လခဲခရိုင်တရားရုံး |
|
ရှမ်းပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး (၁)ရုံး နှင့် မြို့နယ် တရားရုံး (၆)ရုံး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၄)ရုံး နှင့် မြို့နယ် တရားရုံး (၉)ရုံး ၊ ခရိုင် တရားရုံး (၁၀)ရုံး နှင့် မြို့နယ် တရားရုံး (၄၀)ရုံး ။
ရှမ်းပြည်နယ် အရှေ့ပိုင်း
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၃)ရုံး နှင့် မြို့နယ်တရားရုံး (၁၀)ရုံး
ကျိုင်းတုံခရိုင်တရားရုံး |
|
---|---|
မိုင်းဆတ်ခရိုင်တရားရုံး |
|
တာချီလိတ်ခရိုင်တရားရုံး |
|
ရှမ်းပြည်နယ် မြောက်ပိုင်း
[ပြင်ဆင်ရန်]ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး (၁)ရုံး နှင့် မြို့နယ်တရားရုံး (၆)ရုံး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၂)ရုံး ၊ မြို့နယ်တရားရုံး (၄)ရုံး ၊ ခရိုင်တရားရုံး (၄)ရုံး ၊ မြို့နယ် တရားရုံး (၁၄)ရုံး
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး | မက်မန်းခရိုင်
|
---|---|
ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံး | လောက်ကိုင်ခရိုင်
|
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး | ကျောက်မဲခရိုင်
|
ကျောက်မဲခရိုင်တရားရုံး |
|
လားရှိုးခရိုင်တရားရုံး |
|
မူဆယ်ခရိုင်တရားရုံး |
|
မိုးမိတ်ခရိုင်တရားရုံး |
|
ရှမ်းပြည်နယ်တောင်ပိုင်း
[ပြင်ဆင်ရန်]ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၂)ရုံး နှင့် မြို့နယ်တရားရုံး (၅)ရုံး ၊ ခရိုင်တရားရုံး (၃)ရုံး နှင့် မြို့နယ်တရားရုံး (၁၆)ရုံး
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး | တောင်ကြီးခရိုင်
|
---|---|
ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံး | တောင်ကြီးခရိုင်
|
လင်းခေးခရိုင်တရားရုံး |
|
လွိုင်လင်ခရိုင်တရားရုံး |
|
တောင်ကြီးခရိုင်တရားရုံး |
|
မြန်မာနိုင်ငံအောက်ပိုင်း
[ပြင်ဆင်ရန်]ဧရာဝတီတိုင်းဒေသကြီးတရား လွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၆)ရုံး နှင့် မြို့နယ်တရားရုံး (၂၆)ရုံး
ပုသိမ်ခရိုင်တရားရုံး |
|
---|---|
ဟင်္သာတခရိုင်တရားရုံး |
|
မြောင်းမြခရိုင်တရားရုံး |
|
မအူပင်ခရိုင်တရားရုံး |
|
ဖျာပုံခရိုင်တရားရုံး |
|
လပွတ္တာခရိုင်တရားရုံး |
|
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင် တရားရုံး (၄)ရုံး နှင့် မြို့နယ် တရားရုံး (၂၈)ရုံး
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၂) နှင့် မြို့နယ်တရားရုံး (၁၄)ရုံး
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၂) နှင့် မြို့နယ်တရားရုံး (၁၄)ရုံး
ပဲခူးခရိုင်တရားရုံး |
|
---|---|
တောင်ငူခရိုင်တရားရုံး |
|
ပြည်ခရိုင်တရားရုံး |
|
---|---|
သာယာဝတီခရိုင်တရားရုံး |
|
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၄)ရုံး နှင့် မြို့နယ်တရားရုံး (၄၅)ရုံး
မြန်မာနိုင်ငံမြောက်ပိုင်း
[ပြင်ဆင်ရန်]ကချင်ပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၄)ရုံး နှင့် မြို့နယ်တရားရုံး (၁၈)ရုံး
မြစ်ကြီးနားခရိုင်တရားရုံး |
|
---|---|
ဗန်းမော်ခရိုင်တရားရုံး |
|
ပူတာအိုခရိုင်တရားရုံး |
|
မိုးညှင်းခရိုင်တရားရုံး |
|
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၁)ရုံး နှင့် မြို့နယ်တရားရုံး (၃)ရုံး ခရိုင်တရားရုံး (၁၁)ရုံး နှင့် မြို့နယ်တရားရုံး (၃၄)ရုံး
မြန်မာနိုင်ငံတောင်ပိုင်း
[ပြင်ဆင်ရန်]ကရင်ပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၄)ရုံး နှင့် မြို့နယ်တရားရုံး (၇)ရုံး
ဘားအံခရိုင်တရားရုံး |
|
---|---|
မြဝတီခရိုင်တရားရုံး | မြဝတီမြို့နယ်တရားရုံး |
ကော့ကရိတ်ခရိုင်တရားရုံး |
|
ဖာပွန်ခရိုင်တရားရုံး | ဖာပွန်မြို့နယ်တရားရုံး |
မွန်ပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၂)ရုံး နှင့် မြို့နယ်တရားရုံး (၁၀)ရုံး
မော်လမြိုင်ခရိုင်တရားရုံး |
|
---|---|
သထုံခရိုင်တရားရုံး |
|
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၃)ရုံး နှင့် မြို့နယ်တရားရုံး (၁၀)ရုံး
ထားဝယ်ခရိုင်တရားရုံး |
|
---|---|
မြိတ်ခရိုင်တရားရုံး |
|
ကော့သောင်းခရိုင်တရားရုံး |
|
မြန်မာနိုင်ငံအနောက်ပိုင်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၄)ရုံး နှင့် မြိူ့နယ်တရားရုံး (၉)ရုံး
ဟားခါးခရိုင်တရားရုံး |
|
---|---|
ဖလမ်းခရိုင်တရားရုံး |
|
မတူပီခရိုင်တရားရုံး |
|
မင်းတပ်ခရိုင်တရားရုံး |
|
ရခိုင်ပြည်နယ်တရားလွှတ်တော်
[ပြင်ဆင်ရန်]ခရိုင်တရားရုံး (၅)ရုံး နှင့် မြို့နယ်တရားရုံး (၁၇)ရုံး
စစ်တွေခရိုင်တရားရုံး |
|
---|---|
မောင်တောခရိုင်တရားရုံး |
|
ကျောက်ဖြူခရိုင်တရားရုံး |
|
သံတွဲခရိုင်တရားရုံး |
|
မြောက်ဦးခရိုင်တရားရုံး |
|