ပုသိမ်ကြီးမြို့နယ်

ဝီကီပီးဒီးယား မှ
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် အတွက် ပုသိမ်မြို့နယ် ကို ကြည့်ပါ။
ပုသိမ်ကြီးမြို့နယ်
Skyline of ပုသိမ်ကြီးမြို့နယ်
အောင်မြေသာစံခရိုင်အတွင်း တည်​နေရာ
အောင်မြေသာစံခရိုင်အတွင်း တည်​နေရာ
ပုသိမ်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုသိမ်ကြီးမြို့နယ်
ပုသိမ်ကြီးမြို့နယ်
မြန်မာနိုင်ငံတွင်းရှိ တည်နေရာ
ကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°E / 21.96667; 96.18333ကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°E / 21.96667; 96.18333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်အောင်မြေသာစံခရိုင်[၁]
မြို့နယ်ရုံးစိုက်ရာမြို့ပုသိမ်ကြီးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်(များ)၂ (မိုလ်ဘိုင်း: ၆၉၊ ၉၀)[၂]

ပုသိမ်ကြီးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပုသိမ်ကြီးသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှ စ၍ အထင်အရှားရှိခဲ့သော ကျေးရွာကြီးများကို အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းမှုဖြင့် ဖြစ်တည်လာသော မြို့တစ်မြို့ဖြစ်လာခဲ့သည်။ဤမြို့နယ်တွင် ​အောင်ပင်လယ်ကန်ကို အ​ကြောင်းပြု၍ လယ်ပယ်၃​သောင်း၊ နန္ဒါကန်ကို အ​ကြောင်းပြု၍ လယ်ပယ်၂​သောင်း စိုက်ပျိုးခဲ့သည်ဖြစ်ရာ ယင်းကန်​မြေ၊လယ်​​မြေ အပိုင်းအခြားရယူသူများ အ​ခြေစိုက်​နေထိုင်သည့်အတွက် အေဒီ (၁၂၄၄) ခုနှစ် ပုဂံခေတ် အခေါ်အဝေါ် အရ ပိန်သူကြီး ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်။ ထို့နောက် ပုသိမ်ကြီးဟူ၍ ဖြစ်လာခဲ့သည်။၁၂.၆.၁၉၅၉တွင် ပုသိမ်ကြီးမြို့နယ်အဖြစ် ပြည်ထဲ​ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းခဲ့သည်။

မင်းရှင်စောသည်မိမိနှင့် အတူလိုက်ပါလာသော စစ်သည်ဗိုလ်ပါ အခြွေအရံများအတွက် စားနပ်ရိက္ခာ ပြည့်စုံစွာရရှိစေရန်အတွက် မြေတိုင်းမင်းမှုထမ်း တစ်ဦးအား လယ်ယာ ဥယျာဉ် စိုက်ပျိုးရန် လယ်ယာမြေများကို အကွက်ချတိုင်းတာစေသည်။ မြေတိုင်းမင်းမှုထမ်းနှင့် အဖွဲ့သည် မြေကွက်လပ်တစ်နေရာ၌ ယာယီတဲဆောက်လုပ်နေထိုင်ကြပြီး လယ်မြေကွက်များကို စနစ်တကျတိုင်း၍ အကွက်ချကြသည်။ ထိုသို့ မြေကွက်များကို တိုင်းသည့် မင်းမှုထမ်းကို "ပိန်သုကြီး" ဟုခေါ်ပါသည်။ ရှေးခေတ်က ပိန်သုကြီးနေထိုင်သည့် နေရာဒေသကို ယခုခေတ်တွင် "ပုသိမ်ကြီး" ဟူ၍ ခေါ်ကြသည်။ [၃]

ပုသိမ်ကြီးမြို့သည် တစ်ချိန်က ထင်ရှားခဲ့သော အောင်ပင်လယ်ကန်ကြီး၏ နယ်နိမိတ်များအပြင် အဆိုပါ အောင်ပင်လယ်ကန်ကြီးကို ပတ်ဝိုင်းထားသော နယ်မြေများကို ပိုင်ဆိုင်သည့် မြို့နယ်နိမိတ်ရှိသည်။ အောင်ပင်လယ်ကန်ကြီးကို အကြောင်းပြု၍ လယ်ပယ် နှစ်သောင်း စိုက်ပျိုးနိုင်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်ကို ၁၉၅၉-ခုနှစ်တွင် မြို့နယ်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းလိုက်သည်။ မြို့နယ်အဖြစ်အဆင့်တိုးမြှင့်သော်လည်း ရွာကြီး သာသာအဆင့်သာ ရှိခဲ့သည်။ ယခုအခါတွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရှိသည်။ အိမ်ထောင်စုပေါင်း ၃၆၆၆၉ စုရှိပြီး လူဦးရေ စုစုပေါင်း ၁၈၃၃၅၁ ဦး နေထိုင်သည်။ ပုသိမ်ကြီးမြို့နယ်အတွင် စိုက်ပျိုးမြေဧက စုစုပေါင်း (၂၈၄၈၇) ဧက ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၆၃,၇၂၅ရှိသည်။[၁]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

​​မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၁မိနစ်နှင့် ၂၂ဒီဂရီ ၀၉မိနစ်အကြား၊ အ​ရှေ့​လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၁မိနစ် နှင့် ၉၆ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိသည်။ အ​ရှေ့မှ အ​နောက်သို့ ၂၀မိုင်၊ ​တောင်မှ​မြောက်သို့ ၂၄မိုင်ရှိပြီး ၂၃၁.၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။

​နယ်နိမိတ်[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်၏ အ​ရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊​တောင်ဘက်တွင် အမရပူရမြို့နယ်နှင့် ​အောင်​မြေသာစံမြို့နယ်၊အ​နောက်ဘက်တွင် ​အောင်​​မြေသာစံမြို့နယ်ချမ်း​အေးသာစံမြို့နယ်မဟာ​အောင်​မြေမြို့နယ်ချမ်းမြသာစည်မြို့နယ်ပြည်ကြီးတံခွန်မြို့နယ်၊ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊ ​မြောက်ဘက်တွင် မတ္တရာမြို့နယ်တို့နှင့်ထိစပ်​နေသည်။

​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်သည် ​တောင်ကုန်း၊​တောင်တန်း ​ပေါများသည်။ ရှမ်းရိုးမ၏ အစဖြစ်ကာ ​မြောင်မှ​တောင်သို့ သွယ်တန်း​နေသည်။ဧရာဝတီမြစ်မှာ ​မြောက်မှ​တောင်သို့စီးဆင်း​နေပြီး ဒုဌဝတီမြစ်သည် ထူးဆန်းစွာဖြင့် အ​ရှေ့မှ အ​နောက်သို့ စီးဆင်း​နေသည်။ ပျမ်းမျှအမြင့်​ပေ ၂၅၀ပေတွင် တည်ရှိသည်။ အမြင့်ဆုံး​တောင်မှာ နွားလဘို့​တောင်ဖြစ်ပြီး ​ပေ​ပေါင်း ၃၁၈၈​ပေမြင့်ကာ အနိမ့်ဆုံးမှာ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများဖြစ်သည်။

လူဦး​ရေ[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်တွင်​နေထိုင်ကြ​သော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံး​နေထိုင်ကြသည်။ ထို့​နောက် ရှမ်း၊ကရင်၊ကချင်၊ရခိုင်၊ချင်း၊မွန် လူမျိုးများ အစဉ်လိုက်များပြားစွာ​နေကြသည်။ ကိုးကွယ်မှုအ​နေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦး​ရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦး​ရေ၏ ၀.၁၁၀%မှာ အခြား​သော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်သည် စီးပွား​ရေး​နှေး​ကွေး​သော မြို့နယ်တစ်ခုဖြစ်သည်။​ဒေသခံများသည် စိုက်ပျိုး​ရေးကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးဖြစ်သည်။ စပါး၊​မြေပဲ၊နှမ်း၊​နေကြာ၊ပဲအမျိုးမျိုး၊ဝါ၊ကြံ၊​ပြောင်းများ စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအဖြစ် သရက်ကိုလည်း စိုက်ပျိုးကြသည်။ နိုင်ငံပိုင် မျိုး​စေ့သန့်စင်စက်ရုံ၊ ဝါမျိုး​စေ့သန့်စင်စက်ရုံ၊ ရွှေသန့်စင်စက်ရုံများ တည်ရှိသည်။ ပုဂ္ဂလိကစက်ရုံ ၂၇ရုံ၊ အလုပ်ရုံ ၁၂ရုံ အိမ်တွင်းစက်မှုလုပ်ငန်း ၂၀၀​ကျော်ရှိသည်။ဖ​ယောင်း​တောင်မှ ရွှေထွက်ရှိသည်။[၁]

​ဈေးများ[ပြင်ဆင်ရန်]

  • ပုသိမ်ကြီးမြို့မ​ဈေး
  • နန်းဦးလွင်​ဈေး
  • အုန်ချော ရန်ကင်းဈေး

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်မှာ များ​သောအားဖြင့် လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်သည်။ မြို့နယ်အတွင်း အမျိုးသားအ​​ဝေး​ပြေးလမ်းမ (၃)ဖြတ်သန်းသွားသည်။

ပညာ​ရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

ပုသိမ်ကြီးမြို့နယ်တွင် မန္တ​လေးမြို့၏ တက္ကသိုလ်များစွာ တည်ရှိသည်။

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်း​ကျောင်း ၃​ကျောင်းရှိသည်။

  • အထက ပုသိမ်ကြီး
  • အထက ​ကျောက်မီး
  • အထက အုန်း​ချော

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ဆင်ရွာကြီး
  • အလက (ထ(ခွဲ)) မင်းကန်[၄]
  • အလက (ထ(ခွဲ)) ကျွဲနဖား
  • အလက ​ညောင်ပင်သာ
  • အလက ထုံးဘို
  • အလက မြကန်သာ
  • အလက လက်​ကောင်း
  • အလက ဒဟတ္တော
  • အလက ​ရေကြည်

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၃ကျောင်းရှိသည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

​ဆေးရုံများ[ပြင်ဆင်ရန်]

  • အဆုတ်​ဆေးရုံ (အထက်မြန်မာပြည်)
  • ပုသိမ်ကြီးမြို့နယ်​ဆေးရုံ
  • ​ကျောက်မီးတိုက်နယ်​ဆေးရုံ
  • တက္ကသိုလ်​ဆေးရုံ (နည်းပညာ-MTU)
  • တက္ကသိုလ်​ဆေးရုံ (ကွန်ပျူတာ)

ထင်ရှား​သော နေရာများ[ပြင်ဆင်ရန်]

ဘာသာ​ရေး[ပြင်ဆင်ရန်]

​တောင်များ[ပြင်ဆင်ရန်]

ဘုန်းကြီး​ကျောင်းများ[ပြင်ဆင်ရန်]

  • မုံလယ်တောရ
  • သစ္စဝေဒဂူ ကျောင်းတော်
  • မဟာဗောဓိ ငါးထောင်
  • ဥယျာဉ်စာသင်တိုက်

အခြား[ပြင်ဆင်ရန်]

[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  2. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2017 တွင် ပြန်စစ်ပြီး။
  3. နဂါးဗိုလ် မောင်မောင်သက် ရေး သမိုင်းပုံရိပ်၊ ၁၃၁-စာ၊ ၂၀၁၆-ခုနှစ်
  4. မင်းဂံဘုတ်ရွာ
  5. အတွဲ (၁၈) အမှတ် (၄၂) Mandalay နေ့စဉ် သတင်းစာ (၁၀/ ၁/ ၂၀၁၅)