မဟာအောင်မြေမြို့နယ်

ဝီကီပီးဒီးယား မှ
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့၏ မြို့နယ်
Maha Aungmye Township
မဟာ​အောင်​မြေခရိုင်အတွင်း တည်​နေရာ
မဟာ​အောင်​မြေခရိုင်အတွင်း တည်​နေရာ
မဟာအောင်မြေမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဟာအောင်မြေမြို့နယ်
မဟာအောင်မြေမြို့နယ်
မဟာ​အောင်​မြေခရိုင်အတွင်း တည်​နေရာ
ကိုဩဒိနိတ်: 21°57′0″N 96°5′0″E / 21.95000°N 96.08333°E / 21.95000; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မဟာအောင်မြေခရိုင်
မြို့မန္တလေးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၄၁,၁၁၃ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ဧရိယာကုဒ်(များ)၀၂ (မိုဘိုင်းလ်: ၆၉၊ ၉၀)[၂]

မဟာအောင်မြေမြို့နယ် သည် မန္တလေးမြို့လယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မဟာအောင်မြေခရိုင်၏ ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြောက်ဘက်တွင် ချမ်းအေးသာဇံမြို့နယ် တို့က ဝန်းရံလျက်ရှိသည်။ မန္တလေးတက္ကသိုလ်သည် ဤမဟာအောင်မြေမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၄၁,၁၁၃ ရှိသည်။[၃]

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၁၉၆၂ခုနှစ် ​မေလ၉ရက်​နေ့မှစ၍ ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် လုံခြုံ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဤမြို့နယ်ကို အမှတ်(၃)နယ်​မြေအဖြစ် သတ်မှတ်ခဲ့သည်။၂၉.၆.၁၉၆၈တွင် မန္တ​လေးမြို့၏ ဖွဲ့စည်းပုံ​ပြောင်းလဲမှုအရ အ​ရှေ့​​တောင်မြို့နယ်အဖြစ် အမည်​ပြောင်းလဲခဲ့သည်။၁၉၉၂ခုနှစ် ဖွဲ့စည်းပုံ​ပြောင်းလဲမှုတွင် မဟာ​အောင်​မြေမြို့နယ်ဖြစ်လာခဲ့သည်။[၄]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

​​မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၇မိနစ်နှင့် ၂၁ဒီဂရီ ၅၈မိနစ် အကြား၊ အ​ရှေ့​လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ်နှင့် ၉၆ဒီဂရီ ၀၄မိနစ်အကြားတွင် တည်ရှိသည်။ အ​ရှေ့မှ အ​နောက်သို့ ၅.၄မိုင်၊ ​တောင်မှ​မြောက်သို့ ၁.၆မိုင်ရှိပြီး ၅.၇၂စတုရန်းမိုင် ကျယ်ဝန်းသည်။[၄]

နယ်နိမိတ်[ပြင်ဆင်ရန်]

မဟာ​အောင်​မြေမြို့နယ်၏ အ​ရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊​တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊​အ​နောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်နှင့် ​မြောက်ဘက်တွင် ချမ်း​အေးသာစံမြို့နယ်တို့ တည်ရှိသည်။

​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်​ရေ​မြေနှာပြင်အထက် ပျမ်းမျှ၂၅၀ပေအထက်တွင်တည်ရှိကာ ​​မြေပြန့်လွင်ပြင်သည်။ မြို့နယ်၏ အ​နောက်ဘက်တွင် ဧရာဝတီမြစ်က ​မြောက်မှ ​တောင်သို့ စီးဆင်း​နေသည်။ မြို့နယ်အတွင်းတွင် မဟာနဒီ​ချောင်း၊​ရေနီ​မြောင်း၊ရွှေတ​ချောင်း၊​ငွေတ​ချောင်း၊သင်္ဂဇာချောင်းတို့မှ ​မြောက်မှ​တောင်သို့ စီးဆင်း​နေကာ ကိုလံဘို​ချောင်းမှာ အ​ရှေ့မှ အ​နောက်သို့ စီးဆင်း​နေသည်။

လူဦး​ရေ[ပြင်ဆင်ရန်]

မဟာအောင်မြေမြို့နယ်တွင်​နေထိုင်ကြ​သော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံး​နေထိုင်ကြသည်။ ထို့​နောက် ရှမ်း၊ကချင်၊ရခိုင်၊ကရင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာ​နေကြသည်။ ကိုးကွယ်မှုအ​နေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန် ကိုးကွယ်သူဦး​ရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦး​ရေ၏ ၀.၀၉၉%မှာ အခြား​သော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၆၁၈၉၈၃၄—    
၂၀၁၇၁၉၀၃၆၅+0.3%
[၄]

စီးပွား​ရေး[ပြင်ဆင်ရန်]

မန္တ​လေးမြို့သည် စီးပွား​ရေးအချက်အချာကျ​သော ​နေရာဖြစ်သည့် အား​လျော်စွာ မြို့နယ်များသည်လည်း စီးပွား​ရေးဖွံ့ဖြိုးသည်။​ထို့အပြင် မဟာ​အောင်​မြေမြို့နယ်မှာ မန္တ​လေးမြို့၏ မြို့လယ်​ခေါင်ကျ​သောမြို့နယ်ဖြစ်ကာ မြို့နယ်အတွင်း​နေထိုင်သူများသည် အများအားဖြင့် ပြည်သူ့ဝန်​ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ရွှေဆိုင်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းမှာ မြို့နယ်၏ ထင်ရှားလှ​သော လုပ်ငန်းများဖြစ်သည်။ နိုင်ငံ​တော်ပိုင် ရတနာပုံသင်္ဘောကျင်းနှင့် ဖ​ယောင်းတိုင်စက်ရုံတို့ တည်ရှိသည်။[၄]

​ဈေးများ[ပြင်ဆင်ရန်]

  • မန်းမြို့​ဈေး
  • ဘုရားကြီး​ဈေး
  • မန်းရတနာ​ဈေး
  • စိန်ပန်း​ဈေး
  • မဟာမြိုင်​ဈေး
  • ​ညောင်ပင်​လေး​ဈေး
  • ၄၁လမ်း ကုန်စိမ်းည​ဈေး
  • ၄၂လမ်း ကုန်း​ကျော်​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

မဟာ​အောင်​မြေမြို့နယ်၏ အ​နောက်ဘက်အဆုံးတွင် သမိုင်းဝင်​ဂေါဝိန်ဆိပ်ကမ်းတည်ရှိသည်။ ထို​နေရာမှ ဗန်း​​​မော်၊ကသာ၊​ညောင်ဦးနှင့် ပြည်မြို့များသို့ ​ရေ​ကြောင်းခရီးများရှိသည်။ ပြည်ကြီးမြတ်ရှင်ကားကြီးကွင်မှ​နေ၍ မန္တ​လေးမြို့မှ ရှမ်းပြည်နယ်​မြောက်ပိုင်းမြို့များဖြစ်သည့် သီ​ပေါ၊​ကျောက်မဲ၊လားရှိုး၊မူဆယ် စသည်တို့သို့ သွားနိုင်သည်။

ပညာ​ရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အထက်မြန်မာပြည်၏ အကြီးဆုံးဖြစ်​သော မန္တ​လေးတက္ကသိုလ် တည်ရှိသည်။

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်း​ကျောင်း ၃​ကျောင်းရှိသည်။

  • အထက ၃
  • အထက ၁၃
  • အထက ၂၄

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ၂
  • အလက (ထ(ခွဲ)) ၈
  • အလက (ထ(ခွဲ)) ၁၂
  • အလက ၂၈

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၃၇​ကျောင်းရှိသည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

​ဆေးရုံများ[ပြင်ဆင်ရန်]

  • တက္ကသိုလ်​ဆေးရုံ

ထင်ရှား​သောနေရာများ[ပြင်ဆင်ရန်]

ဘာသာ​ရေး[ပြင်ဆင်ရန်]

  • ​ပေါ်​တော်မူဘုရား (၅)ဆူ
  • မဟာမြိုင်​ကျောင်းတိုက်
  • မြ​တောင်​ကျောင်းတိုက်
  • ဒဟတ္တော​ကျောင်းတိုက်
  • မဟာဝိသုဒ္ဓါရုံ​ကျောင်းတိုက်
  • မစိုးရိမ်​ကျောင်းတိုက်
  • ဗန်း​မော်​ကျောင်းတိုက်
  • မစိုးရိမ်တိုက်သစ်
  • ဒုတိယရွှေအင်ပင်​ကျောင်း
  • ကင်းဝန်မင်းကြီး​ကျောင်းတိုက်
  • ခရစ်ယာန်​ဘုရားကျောင်း (မဟာမြိုင်၂)

ပညာ​ရေး[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 24, 2015 တွင် ပြန်စစ်ပြီး
  2. Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  3. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ​မဟာ​အောင်​မြေမြို့နယ်၏ ​ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 5 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။