မရမ်းကုန်းမြို့နယ်
ပုံပန်းသွင်ပြင်
| မရမ်းကုန်းမြို့နယ် | |
|---|---|
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
| မရမ်းကုန်းမြို့နယ် တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 16°49′0″N 96°6′0″E / 16.81667°N 96.10000°Eကိုဩဒိနိတ်: 16°49′0″N 96°6′0″E / 16.81667°N 96.10000°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | မရမ်းကုန်း |
| လူဦးရေ | |
| • စုစုပေါင်း | ၁၃၇၀၀၀ |
| စာပို့သင်္ကေတ | ၁၁၀၆၁၊ ၁၁၀၆၂၊ ၁၁၀၆၃ |
မရမ်းကုန်းမြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ပိုင်းတွင် တည်ရှိသည်။ မရမ်းကုန်းမြို့နယ်၏ မြောက်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ အရှေ့ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့် လှိုင်သာယာမြို့နယ်နှင့် တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ တည်ရှိသည်။
မရမ်းကုန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၃၀) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
ထင်ရှားသော အဆောက်အဦးများ
[ပြင်ဆင်ရန်]မရမ်းကုန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
| အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
|---|---|---|---|
| အောင်ရွှေဘုံသာ ဓမ္မဗိမာန် ဘုန်းကြီးကျောင်း | ဘုန်းကြီးကျောင်း | ၉မိုင်လမ်းဆုံ၊ ပြည်လမ်း | |
| သီရိမင်္ဂလာကမ္ဘာအေးစေတီတော် | ဘုရား | ကမ္ဘာအေးဘုရားလမ်း | |
| ကျိုက္ကလဲ့ဘုရား | ဘုရား | ရန်ကုန်-ပြည်လမ်း | |
| ကျိုက္ကလို့ဘုရား | ဘုရား | ရန်ကုန်-ပြည်လမ်း | |
| ကျိုက်ဝိုင်းဘုရား | ဘုရား | ကျိုက်ဝိုင်းဘုရားလမ်း | |
| စိန့်အက်ဒဝပ် ရောမကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ရန်ကုန်-ပြည်လမ်း | |
| စိန့်ဂျော့ အန်ဂလီကန် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ရန်ကုန်-ပြည်လမ်း | |
| တပ်မတော် အရိုးအထူးကုဆေးရုံ | ဆေးရုံ | ရန်ကုန်-ပြည်လမ်း | (ယခင်) စစ်မှုထမ်းအရာရှိများ သင်တန်းကျောင်း |
ကိုးကား
[ပြင်ဆင်ရန်]