ကျိုက်ထိုမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျိုက်ထိုမြို့နယ်
မြို့နယ်
ကျိုက်ထိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 17°18′0″N 97°1′37″E / 17.30000°N 97.02694°E / 17.30000; 97.02694
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
ခရိုင်သထုံခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကျိုက်ထိုမြို့
လူဦးရေ (၂၀၁၄)၁၈၄,၅၃၂[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကျိုက်ထိုမြို့နယ် သည် မြန်မာနိုင်ငံမွန်ပြည်နယ်သထုံခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျိုက်ထိုမြို့ ဖြစ်သည်။

သဘာဝဘေး[ပြင်ဆင်ရန်]

ရေကြီးရေလျှံမှု[ပြင်ဆင်ရန်]

ကျိုက်ထိုမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိ ဖြစ်ပွားခဲ့သည်။ ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက်များဖြစ်သည့် ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလရပ်ကွက်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေလွှမ်းခံရမှုကြောင့် ဒေသခံ ၄၀ဝ၀ နီးပါးတို့ ဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။ ရေကြီးရေလျှံမှုကြောင့် ကျိုက်ထိုတွင် ကယ်ဆယ်ရေးစခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြိုကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်။ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်အချိန်မှစ၍ ကျိုက်ထိုမြို့နယ်အတွင်း ရေအားလုံးပြန်ကျသွားသည့်အတွက် ရေဘေးရှောင်သူများ နေအိမ်များသို့ ပြန်ခဲ့ကြသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဒဏ်ခံရလေ့ရှိပြီး ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ဖူးသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၉။ 
  2. ယဉ်ချိုင်း (၂၆ ဇူလိုင် ၂၀၁၇)။ ကျိုက်ထိုတွင် ရေအားလုံးပြန်ကျ ရေဘေးရှောင်သူများ အိမ်ပြန်ကြပြီမွန်သတင်းအေဂျင်စီ။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။