ပြင်ဦးလွင်မြို့နယ်

ဝီကီပီးဒီးယား မှ
ပြင်ဦးလွင်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
ပြင်ဦးလွင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပြင်ဦးလွင်မြို့နယ်
ပြင်ဦးလွင်မြို့နယ်
ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°59′N 96°34′E / 21.983°N 96.567°E / 21.983; 96.567
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ပြင်ဦးလွင်
မြို့နယ်ရုံးစိုက်ရာမြို့ပြင်ဦးလွင်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၅၅,၅၀၈[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပြင်ဦးလွင်မြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်တွင် တည်ရှိသည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ပြင်ဦးလွင်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဟာသောဘိတရာမတိုက် (ဈေးတောင်ကျောင်းကြီး)တည်ရှိရာ အောင်မြေဘုံသာမဟာဆုတောင်းပြည့်ဘုရားခြေတော်ရင်းတွင် သက္ကရာဇ်၁၂၇၀ အေဒီ၁၉၀၈တွင် စိုက်ထူခဲ့သည့်ကျောက်စာအရ ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၁၂၊အေဒီ ၁၈၅၀တွင် ပြင်ဦးလွင်ကို စတင်တည်ထောင်ခဲ့ကြောင်း သိကြရသည်။ ပြင်ဦးလွင်ဟူသောအမည်ကို သက္ကရာဇ် ၁၁၄၉၊အေဒီ၁၇၈၇ ဗဒုံမင်းလက်ထက်တွင်ထုတ်ပြန်သော အမိန့်တော်တစ်ခု၌ အုန်းတော၊ငှက်ကြီးသိုက်၊ဆင်ခေါင်းကြီး၊ ဝက်ဝံရွာအမည်များနှင့် တွဲလျက်ပါရှိသောကြောင့် ထိုစဉ်ကပင် တည်ရှိနေသည်ဟုယူဆရသည်။၁၈၈၆ခုနှစ်တွင် အမှတ်(၅)ဘင်္ဂလားတပ်ရင်းမှ ဗိုလ်မှူးမေသည် ပြင်ဦးလွင်ကိုရောက်ရှိလာပြီး ရွာမှမြို့အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သောကြောင့် မေကိုအစွဲပြုကာ ပြင်ဦးလွင်မှ မေမြို့ဟုပြောင်းလဲခေါ်တွင်စေသည်။၁၉၈၉ခုနှစ် နိုဝင်ဘာ၁၈ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏အမိန့်အရ မေမြို့မြို့နယ်နှင့် မေမြို့တို့ကို ပြင်ဦးလွင်အမည်များ ပြန်လည်ပြောင်းလဲခဲ့သည်။ မြို့တည်နှစ် ၁၀၀ပြည့်ပွဲကို ၁၉၉၆ခုနှစ်တွင် ကျင်းပခဲ့သည်။[၃]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၄၈မိနစ်နှင့် ၂၂ဒီဂရီ ၁၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၂မိနစ်နှင့် ၉၆ဒီဂရီ ၄၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၄၆မိုင်ရှိပြီး ၇၆၃.၇၄စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]

နယ်နိမိတ်[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ်၊အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ်မတ္တရာမြို့နယ်နှင့် တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမြေနှာပြင်အထက် အနိမ့်ဆုံး ၂၀၅ပေ၊ အမြင့်ဆုံး ၄၂၉၅ပေအထက်တွင်တည်ရှိကာ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်သည်။ မြစ်၊ချောင်း နည်းပါးသောမြို့နယ်ဖြစ်ကာ ဒုဌဝတီမြစ်မှာ မြောက်မှတောင်သို့ စီးဆင်းနေသည်။

လူဦးရေ[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဓနုလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဓနု၊ကချင်၊ကရင်၊ချင်း၊ရခိုင်၊ကယားနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၇%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။[၃]

စီးပွားရေး[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သောမြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဖြတ်သန်းသွားရာဖြစ်၍ ကုန်စည်စီးဆင်းမှုကောင်းသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ရာသီသီးနှံဖြစ်သော ပန်း၊နေကြာ၊မက်မန်း၊စတော်ဘယ်ရီနှင့် ဆွယ်တာအဝတ်အထည်များဖြစ်ကာ မန္တလေးနှင့် ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရောင်းချသည်။ နိုင်ငံပိုင် မီးရထားစက်ခေါင်းစက်ရုံ၊ပုဂ္ဂလိကအလုပ်ရုံ၂၉ရုံ၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃၃ခုရှိသည်။

ဈေးများ[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နယ်တွင် တပ်မတော်ပိုင် အနီးစခန်းလေဆိပ်ရှိသည်။ မန္တလေး-လားရှိုး မီးရထားလမ်းပိုင်းသည်၃၈မိုင်ခန့်ဖြတ်သန်းသွားသည်။အမှတ်(၃)လမ်းမကြီးဖြတ်သန်းသွားရာမြို့နယ်ဖြစ်၍ အခြားမြို့နယ်များသို့ အလွယ်တကူသွားနိုင်သည်။ ပြင်ဦးလွင်-မိုးကုတ်လမ်းမှတစ်ဆင့် မိုးကုတ်မြို့နယ်သို့သွားနိုင်သည်။

အနီးစခန်းလေဆိပ်
အမှတ်(၃)လမ်း
ပြင်ဦးလွင်ဘူတာ

ပညာရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

  • တပ်မတော်စစ်တက္ကသိုလ်
  • တပ်မတော်နည်းပညာတက္ကသိုလ်

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက အနီးစခန်း
  • အထက ဇီးပင်ကြီး
  • အထက မိုးကြိုး
  • အထက ဝက်ဝံ
  • အထက ဆင်လမ်း

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ပြင်စာ
  • အလက (ထ(ခွဲ)) အလက၁
  • အလက (ထ(ခွဲ)) အောင်ချမ်းသာ
  • အလက (ထ(ခွဲ)) ရေငယ်
  • အလက (ထ(ခွဲ)) နောင်လှိုင်
  • အလက (ထ(ခွဲ)) သုံးတောင်
  • အလက (ထ(ခွဲ)) ရွှေသင်း
  • အလက ၂
  • အလက ၃
  • အလက၄
  • အလက ကျွဲနွားထောက်

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၂၇ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • ပြင်ဦးလွင် ဆေးရုံကြီး
  • ဇီးပင်ကြီးဆေးရုံ
  • ဝက်ဝံတိုက်နယ်ဆေးရုံ
  • စစ်ဆေးရုံ

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ဘုရား/စေတီများ[ပြင်ဆင်ရန်]

  • မဟာရွှေမြင်တင်
  • ဦးခန္တီး
  • ဇိနမာရ်အောင်
  • နောင်ခမ်းကြီး
  • မဟာအံ့ထူးကံသာ

အခြား[ပြင်ဆင်ရန်]

  • ဘုရင်ခံအိမ်တော်

ကျေးရွာ အုပ်စုများ[ပြင်ဆင်ရန်]

ပြင်ဦးလွင်မြို့နယ်တွင် ပါဝင်သော ကျေးရွာအုပ်စုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

30em

အင်းထိပ်ဦး== ကိုးကား ==

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. "Myanmar States/Divisions & Townships Overview Map" မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (MIMU)
  3. ၃.၀ ၃.၁ ၃.၂ ပြင်ဦးလွင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]