မာတိကာသို့ ခုန်သွားရန်

မြိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
မြိုင်မြို့နယ်
မြို့နယ်
ပခုက္ကူခရိုင်အတွင်းတည်​နေရာ
ပခုက္ကူခရိုင်အတွင်းတည်​နေရာ
မြိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြိုင်မြို့နယ်
မြိုင်မြို့နယ်
မြိုင်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 21°37′N 94°51′E / 21.617°N 94.850°E / 21.617; 94.850
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်ပခုက္ကူ
မြို့နယ်ရုံးစိုက်ရာမြို့မြိုင်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြိုင်မြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ မြိုင်မြို့ ဖြစ်သည်။

တည်နေရာ

[ပြင်ဆင်ရန်]

အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၀ မိနစ် နှင့် ၉၅ ဒီဂရီ ၃၀ မိနစ်၊ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၅ မိနစ် နှင့် ၂၁ ဒီဂရီ ၅၅ မိနစ်အတွင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၆ ပေတွင် တည်ရှိသည်။

အကျယ်အဝန်း

[ပြင်ဆင်ရန်]

မြို့နယ် အကျယ်ဆုံးနေရာတွင် အရှေ့မှအနောက် (၄၂.၅) မိုင် နှင့် တောင် မှ မြောက် မိုင် (၃ဝ) ရှိသည်။ ဧရိယာမှာ ၅၀၂၈၂၅ ဧက၊ စတုရန်းမိုင်ပေါင်း ၇၈၅.၆၆၁ မိုင်ကျယ်ဝန်းသည်။

နယ်နမိတ်များ

[ပြင်ဆင်ရန်]

မြိုင်မြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။[]

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

မြေပြန့်လွင်ပြင်များပြီး မြို့နယ် အနောက် နှင့် အနောက်‌ောင်ပိုင်းတို့တွင် ‌ောင်ကုန်း ချိုင့်ဝှမ်းများ ရှိသည်။ မြို့နယ် အနောက်ပိုင်းတွင် တန့်ကြည့်တောင်တန်းသည် ပခုက္ကူမြို့နယ်ထဲအထိ သွယ်တန်းလျက်ရှိသည်။ []

အမြင့်ဆုံး‌တောင်များ

[ပြင်ဆင်ရန်]
မြိုုင် မြို့ နယ် အမြင့် ဆုံး တောင် များ
စဉ် တောင်အမည် အမြင့်ပေ တည်နေရာ
ကံယာကောင်း ၁၂၂၁
သံတောင် ၁၀၈၁
မြိုင်တောင် ၁၂၅၈
ကျောက်ဆင်တောင် ၁၄၈၅
ဝက်ပစ်တောင် ၁၀၂၁
တန့်ကြည့်တောင် ၁၉၀၅

ရေဆင်း

[ပြင်ဆင်ရန်]

မြစ်မရှိပါ။ ချောင်းများသာရှိပါသည်။

မြိုင် မြို့ နယ် ထင် ရှား သော ချောင်း များ
စဉ် ချောင်းအမည် စီးဆင်းပုံ အရှည် (မိုင်)
ယမား အနောက် မှ အရှေ့ ၁၉
မြိုင် အနောက် မှ အရှေ့ ၂၄
ထန်းငယ်တော အနောက် မှ အရှေ့
ကျောက်‌ဆောက် အနောက် မှ အရှေ့ ၂၁
နတ်အင်း မြောက် မှ တောင် ၂၅

ရာသီဥတု

[ပြင်ဆင်ရန်]

ပူပြင်း ခြောက်သွေ့သော ရာသီဥတုရှိသည်။

မြိုင်မြို့မိုးလေဝသစခန်းတွင် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန် နှင့် အပူချိန်
စဉ် ခုနှစ် မိုးရေချိန် အပူချိန် (ဒီဂရီစင်တီဂရိတ်)
မိုးရွာရက် မိုးရေချိန် (လက္မ) ‌နွေရာသီအမြင့်ဆုံး ဆောင်းရာသီအနိမ့်ဆုံး
၂၀၁၈ ၄၉ ၄၂.၁၉ ၃၇ ၁၆
၂၀၁၉ ၃၆ ၂၂.၆၉ ၃၉ ၁၇
၂၀၂၀ ၃၀ ၁၇.၀၉ ၃၉ ၁၅
၂၀၂၁ ၄၇ ၃၃.၉၃ ၄၂ ၁၈
၂၀၂၂ ၅၁ ၂၉.၉၉ ၃၉ ၁၆

မြို့ရွာ၊ လူဦးရေ

[ပြင်ဆင်ရန်]

ရပ်ကွက် ၃ ခုရှိသော မြို့တစ်မြို့၊ ကျေးရွာအုပ်စု ၈၄ ခု၊ ကျေးရွာပေါင်း ၃၃၁ တို့ ဖြင့်ဖွဲ့စည်းထားသည်။ အိမ်ခြေ ၄၂၉၅၃၊ အိမ်ထောင်စုပေါင်း ၄၃၁၃၀ စု၊ လူဦးရေ ၂၆၀၀၀၀ ဝန်းကျင်ခန့် ရှိသည်။ ၂၀၁၄ ခုနှစ် သန်း‌ေါင်စာရင်းအရ လူဦး‌ေ (၂၂၅၇၇၁) ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် လူဦးရေ (၂၇၈၈၀၃) ဦး ရှိသည်။ []

သမိုင်း

[ပြင်ဆင်ရန်]

ပြည်ထဲရေးဝန်ကြီးဌာန ၃-၆-၁၉၇၂ ရက်စွဲပါ အမိန့်‌ ကြော် ငြာစာ အမှတ် (၁၉၉) ဖြင့် လည်း‌ ကောင်း ၊ ၂၄-၂-၁၉၇၄ ရက်စွဲပါ ပြန်တမ်းအမိန့်အရလည်း‌ ကောင်း ၊ ရပ်ကွက် ၃ ခုရှိ မြို့တစ်မြို့၊ ‌ကျေးရွာအုပ်စု (၈၁) ခု၊ ကျေးရွာ (၃၂၉) ရွာ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ []

ပညာရေး

[ပြင်ဆင်ရန်]

အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှု ၉၉.၉၇ % ရှိသည် ။ ၂၀၂၃ ခုနှစ်တွင် အထက်တန်း‌ ကျောင်း ၁၇ ကျောင်း ၊ အထက်တန်း‌ ကျောင်း ခွဲ ၆၂ ကျောင်း ၊ အလယ်တန်း‌ကျောင်း‌၄၈ ကျောင်း ၊ အလယ်တန်း ကျောင်း ခွဲ ၂၀ ၊ မူလတန်းလွန်‌ ကျောင်း ၂၉ ကျောင်း ၊ မူလတန်း ကျောင်း ၇၅ ကျောင်း ၊ မူလတန်း ကျောင်း ခွဲ ၈ ကျောင်း ‌၊ မူလတန်းကြိုကျောင်း ၄၂ ‌ကျောင်း ရှိသည်။ တက္ကသိုလ်ပညာ‌ ကို ပခုက္ကူ နှင့် အခြားမြို့ကြီးများ သို့ သွားရောက် သင်ယူကြရသည် ။

ကျန်းမာရေး

[ပြင်ဆင်ရန်]

အမှတ် ၂ ရပ်ကွက်ရှိ ကုတင် ၅၀ ဆန့် မြိုင် မြို့နယ်ဆေးရုံ၊ လက်ယက်မ ဗဟင်း ကိုင်း‌တောမ ရွာများတွင် ၁၆ ကုတင် ဆန့် တိုက်နယ် ‌ဆေး ရုံ ၃ ရုံ ၊ ပေါင်း ဆေးရုံ ၄ ရုံ ရှိ သည်။ ‌ကျေးလက် ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၁ ခု ရှိ သည် ။

စီးပွားရေး

[ပြင်ဆင်ရန်]

ဈေးများ

[ပြင်ဆင်ရန်]

မြိုင်မြို့ အမှတ် ၂ ရပ် ရှိ မြို့မဈေး နှင့် လက်ယက်မရွာ လက်ယက်မဈေး ဟူ၍ ဈေး ၂ ဈေး ရှိ သည်။

ဘဏ်များ

[ပြင်ဆင်ရန်]

မြိုင်မြို့ပေါ်တွင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘာ့ ရတနာဘဏ်၊ ပထမပုဂ္ဂလိက ဘဏ် များရှိသည်။ လက်ယက်မ ရှိ စီဘီဘဏ် မှာ လုံခြုံရေး မကောင်းသဖြင့် ပိတ်ထားရသည်။

ကုန်ထုတ်လုပ်ငန်း

[ပြင်ဆင်ရန်]

ပန်းပဲ

[ပြင်ဆင်ရန်]

ပန်းပဲဖို ၁၂၀ ရှိ၍ တံစဉ် နှင့် ဓား များ ထုတ်လုပ်သည်။

မြေထည်

[ပြင်ဆင်ရန်]

မြေထည်လုပ်ငန်းလုပ်ကိုင်သူ ၂၀ ရှိ၍ အိုး နှင့် မြေထည်များ ထုတ်လုပ်သည် ။

ယက္ကန်း နှင့် စက်ချုပ်လုပ်ငန်း

[ပြင်ဆင်ရန်]

ယက္ကန်းလုပ်ငန်း ၂၈၆ ခု ရှိ၍ ချည်စောင်(ဝါဒစောင်) ၊ ချည်ပုဆိုး ၊ တံဘက် များ ထုတ်လုပ်သည်။ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ၁၁၃၇ ဦး ရှိသည်။

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

လူထုအခြေပြုခရီးသွားလုပ်ငန်းကို Actionaid အကူအညီဖြင့် အင်ရောင်းအုပ်စု ၄ ရွာ နှင့် ယင်းတိုင်တောင်ဆည်ကို အခြေပြု ၂၀၁၆ မှ ၂၀၂၁ ထိ လုပ်ဆောင်ခဲ့သည်။ [] [] []

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

လေကြောင်း ရေကြောင်း များ အသုံးပြုနိုင်ခြင်း မရှိ။ မြိုင်မြို့နယ်ကို ဖြတ်၍ ပခုက္ကူ - ဂန့်ဂေါ - ကလေး ရထားလမ်း ၊ ပုသိမ် - မုံရွာ အဝေးပြေးလမ်း၊ အာရှလမ်းမကြီး၏ ပခုက္ကူ - ဂန့်ဂေါ လမ်းပိုင်း များ ‌ောက်လုပ်ထားသဖြင့် ဆက်သွယ်ရေး ကောင်းမွန်သည် ။

စိုက်ပျိုးရေး

[ပြင်ဆင်ရန်]

မြို့နယ် အဓိက ထွက်ကုန်မှာ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ထန်းလျက်၊ မန်ကျည်း၊ သနပ်ခါး တို့ ဖြစ်သဖြင့် စိုက်ပျိုးရေး မှာ အဓိက စီးပွားရေး ဖြစ်နေသည် ။

ဆီထွက်သီးနှံ

[ပြင်ဆင်ရန်]

၂၀၂၂-၂၃ နှစ်တွင် ဆီထွက်သီးနှံ စိုက်ဧကမှာ မြေပဲ ၅၆၄၇၈ (မိုး) နှင့် ၁၀၃၆၈ (ဆောင်း)၊ နှမ်း ၃၇၅၅၂ (နွေ) နှင့် ၄၅၃၈၃ (ဆောင်း)၊ နေကြာ ၁၉၅၃၃ ရှိသည်။ ဝမ်းစာဖယ်ပြီး ဆီတန်ချိန် ၁၃၅၆၇ တန် တင်ပို့နိုင်ခဲ့သည် ။‌ေ

ပဲအမျိုးမျိုး

[ပြင်ဆင်ရန်]

ပဲစိုက်ဧကမှာ ပဲတီစိမ်း ၁၅၂၈၉ (မိုး) နှင့် ၆၂၃ (ဆောင်း)၊ ပဲစင်းငုံ ၁၂၂၃၉ ရှိသည်။

ထန်းစိုက်ဧကမှာ ၆၄၇၆ ဧက ရှိသည်။

နွေစပါး ၃၉၃ ဧက၊ မိုးစပါး ၂၁၃၅၉ ဧက ရှိသည်။

ပြောင်း

ဝါ ၁၃၆ ဧကသာစိုက်သည်။

သနပ်ခါး

[ပြင်ဆင်ရန်]

သနပ်ခါး အများအပြား ထုတ်လုပ်ရောင်းချ၍ စိုက်ဧက ‌ထောင် ချီရှိသော်လည်း စာရင်း ကောက်ယူနိုင်ခြင်း မရှိ ‌။

သဘာဝသယံဇာတ

[ပြင်ဆင်ရန်]

မြိုင် လက်ယက်ရေနံတွင်းများမှာ အညာဒူဘိုင်း ဟု နာမည်ကျော်သော နေရာတွင် ရှိပြီး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်ထား သဖြင့် ပွင့်လင်း မြင်သာခြင်းမရှိ ။

ထင်ရှားကျော်ကြား

[ပြင်ဆင်ရန်]

စေတီပုထိုး

[ပြင်ဆင်ရန်]
  1. ချောက်တောင်းမုဋ္ဌောဘုရား
  2. ဖျသီးမုဋ္ဌောဘုရား
  3. ဗဟင်းမုဋ္ဌောဘုရား
  4. ရွှေကူဓမ္မသာရဘုရား (ဖျသီးရွာ)
  5. ရွှေကူမုဋ္ဌောဘုရား (မြိုင်မြို့၊ အမှတ် ၁ ရပ်ကွက်)
  6. ရွှေမြင်းတင်မုဋ္ဌောဘုရား (မြိုင်မြို့၊ အမှတ် ၂ ရပ်ကွက်)
  7. ရွှေအုံးတောက်ဘုရား (ရွာတန်းရှည်ရွာ)
  8. ရွှေဟင်္သာဘုရား (ဗဟင်းရွာ)
  9. ရှင်မတောင်မုဋ္ဌောဘုရား (
  10. အလောင်းတော်ကဿပရဟန္တာခြေတော်ရာဘုရား (ကံယာကောင်းရွာ)

သမိုင်းဝင်ကျောင်း

[ပြင်ဆင်ရန်]

မနောရမ္မံရွှေကျောင်း (သနပ္ပင်ကုန်းအုပ်စု၊ ဗိမ္မာန်မရွာ)

သံဃာတော်

[ပြင်ဆင်ရန်]
  1. ကြည့်ကန်ရှင်ကြီး
  2. တိလောကဂုရုဆရာတော်
  3. နေမိန္ဒ၊ အရှင် (ဒုတိယမြောက် တိပိဋကဓရဆရာတော်)
  4. ပထမကျော်အောင်စံထားဆရာတော်
  5. ဗားကရာဆရာတော် (ဒုတိယ)
  6. ဗားကရာဆရာတော် (ပထမ)
  7. သုန္ဒရ၊ အရှင် (ဒဿမမြောက် တိပိဋကဓရဆရာတော်)

လူပုဂ္ဂိုလ်

[ပြင်ဆင်ရန်]
  1. နွဲ့နွဲ့စန်း (ဇာတ်သဘင်၊ရုပ်ရှင်သရုပ်ဆောင်)
  2. မြသန်းတင့် (စာရေးဆရာ)
  3. သိန်းဇော် (မန္တလေး) (ဇာတ်သဘင်၊အဆိုတော်၊ကဗျာဆရာ(ကေဇော်))
  4. အောင်လင်း (စာရေးဆရာ)

ကိုးကား

[ပြင်ဆင်ရန်]
  1. "Myanmar States/Divisions & Townships Overview Map" မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (MIMU)
  2. 1 2 မြိုင်မြို့နယ် ‌ေသဆိုင်ရာအချက်အလက်များ၊ (၂၀၂၃) ခုနှစ် မတ်လ (၃၁) ရက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  3. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦး‌ေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း၊ မြိုင်မြို့နယ်အစီရင်ခံစာ၊ ၂၀၁၇ ခုနှစ် မေလ၊ ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
  4. Community-Based Tourism in Myaing and Thandaunggyi: Assessing Community Participation and the Impact of CBT Initiatives on Host Communities
  5. မြိုင်မြို့ရဲ့ ပုံရိပ်ဖြစ်တဲ့ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ၂၀၁၇ ဩဂုတ် ၇၊ ‌ောင်းမြတ်မင်း၊ ဧရာဝတီသတင်းဌာန
  6. ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့ချင်းပြန်သွားနိုင်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ် ခြောက်ခု၊ ၂၀၁၈ ဇွန် ၁၂၊ Myanmar Digital News[လင့်ခ်သေ]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]