သင်္ဃန်းကျွန်းမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သင်္ဃန်းကျွန်းမြို့နယ်
Skyline of သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′41″N 96°11′3″E / 16.82806°N 96.18417°E / 16.82806; 96.18417ကိုဩဒိနိတ်: 16°49′41″N 96°11′3″E / 16.82806°N 96.18417°E / 16.82806; 96.18417
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
ခရိုင် ရန်ကုန်အရှေ့ပိုင်းခရိုင်
မြို့နယ် သင်္ဃန်းကျွန်းမြို့နယ်
စာပို့သင်္ကေတ ၁၁၀၇၁၊ ၁၁၀၇၂

တည်နေရာ[ပြင်ဆင်ရန်]

သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်၊ တောင်ဘက်တွင် သာကေတမြို့နယ်တို့ တည်ရှိသည်။

ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

မွန်ဘာသာအရ သံဃာကျွန်းဟု အဓိပ္ပါယ်ရသည်။[၁] သင်္ဃန်းကျွန်းသည် ကံသင်၊ ကအ်သင်-ဆိုသော မွန်ဝေါဟာရမှ ဆင်းသက်လာပြီး ကံ၊ ကအ်-က ကျွန်း၊ သင်-က သင်္ဃာ၊ သင်္ဃာတော်တွေ စုဝေးနေထိုင်ရာဖြစ်၍ သင်္ဃန်းကျွန်း (သင်္ဃာကျွန်း) ခေါ်သည် ဟု အဆိုအမိန့်တွေရှိပါသည်။ [၂] သင်္ဃန်းကျွန်းသည် "သင်္ဃန်းပင်ကျွန်း"မှ ရွှေ့လျားလာသော အမည်။ [၃] သင်္ဃန်းကျွန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၃၈)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၄၀) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

သင်္ဃန်းကျွန်းမြို့နယ်တွင် သင်္ဃန်းကျွန်းပညာရေးကောလိပ်သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နှင့်စံပြဈေးတို့ တည်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
ကျိုက္ကဆံဘုရား ဘုရား ကျိုက္ကဆံဘုရားလမ်း
စိန့်ဂျိုးဇက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁-၃၊ သီရိမာရီယာလမ်း
သံယုတ်ဘုန်းကြီးကျောင်း ဘုန်းကြီးကျောင်း ကျောက်စာတိုင်လမ်း


ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)
  3. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်