တာမွေမြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တာမွေမြို့နယ်
တာမွေမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တာမွေမြို့နယ်
တာမွေမြို့နယ်
တာမွေမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°E / 16.77111; 96.16667ကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°E / 16.77111; 96.16667
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
ခရိုင် ရန်ကုန်အရှေ့ပိုင်းခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၉ မီတာ (၃၀ ပေ)
လူဦးရေ (မတ် ၂၀၁၇)[၁]
 • စုစုပေါင်း ၁၅၉,၁၅၃
စာပို့သင်္ကေတ ၁၁၂၁၁၊ ၁၁၂၁၂

တာမွေမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၀၉၃ ဧက (၁.၇၀၈ စတုရန်းမိုင်) ဖြစ်သည်။[၁]

တာမွေမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရွှေတိဂုံဘုရားသမိုင်းအရ တရုတ်ပြည်မှ ဘုန်းကံရှင် မောင်ကံ အမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် မြေရှိုးမိုးပျံနိုင်သည့်သူ ဖြစ်သဖြင့် ရွှေတိဂုံဘုရားမှ ဓာတ်တော်မွေတော်များ ခိုးယူပင့်ဆောင်နိုင်ရန် ကြံစည်အားထုတ်ရာတွင် နတ်ကောင်း၊ နတ်မြတ်တို့က ကြီးမားသော မြွေကြီးတစ်ကောင်ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အကြောင်းပြုပြီး "တားမြွေ" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ "တာမွေ" ဖြစ်ခဲ့သည်ဟု ဆိုကြသည်။[၁]

မွန်သမိုင်းကြောင်းများအရ "တာမွိုင့်" ဟူသော မွန်ဘာသာစကားအရ "တာ" ဆိုသည်မှာ "ထန်း"၊ "မွိုင့်" ဆိုသည်မှာ "တစ်" ဖြစ်သဖြင့်၊ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ တာမွိုင့် မှ တာမွေ ဖြစ်လာသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။[၁]

ကျန်းမာရေး[ပြင်ဆင်ရန်]

တာမွေမြို့နယ်တွင် မျက်စိဆေးရုံ၊ အလုပ်သမားဆေးရုံ၊ နား၊ နှာခေါင်းလည်ချောင်းဆေးရုံ တို့ တည်ရှိသည်။[၁]

ထင်ရှားသော အဆောက်အဦးများ[ပြင်ဆင်ရန်]

တာမွေမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
စိန့်ဖရန်စစ်ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁၃၁၊ကျိုက္ကဆံလမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ တာမွေမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ။ တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ဧပြီ ၂၀၁၇)။ ၂၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။