ပျော်ဘွယ်မြို့နယ်
ပျော်ဘွယ်မြို့နယ် | |
---|---|
မြို့နယ် | |
ရမည်းသင်းခရိုင်အတွင်းတည်နေရာ (အနီ) | |
ရမည်းသင်းခရိုင်အတွင်းတည်နေရာ (အနီ) | |
ကိုဩဒိနိတ်: 20°35′N 96°4′E / 20.583°N 96.067°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ရမည်းသင်း |
မြို့နယ်ရုံးစိုက်ရာမြို့ | ပျော်ဘွယ်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၆၀,၂၉၃[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပျော်ဘွယ်မြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပျော်ဘွယ်မြို့ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်သည် မြန်မာသက္ကရာဇ် ၁၁၈၆ခုနှစ်၊ ဘကြီးတော်မင်းလက်ထက်တွင် ညောင်ရမ်းမင်းသားငယ်စဉ်အခါက ပျော်မွေ့သည့် အရပ်ဖြစ်သဖြင့် ညောင်ရမ်းမင်းသားအား ရင်ခွင်ပိုက် အုပ်ထိန်းသူ သီရိဝဏ္ဏဘွဲ့ခံ ဦးမှုံက တည်ထားခဲ့ခြင်းဖြစ်သည်။၉.၁၁.၁၉၇၂ခုနှစ်တွင် မြို့အဖြစ် ဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၁မိနစ်နှင့် ၂၀ဒီဂရီ ၄၇မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၄မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၈၄မိုင်၊ တောင်မှမြောက်သို့ ၃၂မိုင်ရှိပြီး ၆၃၈.၄၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်၏ အရှေ့ဘက်တွင် သာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ တောင်ဘက်တွင် ရမည်းသင်းမြို့နယ်၊အနောက်ဘက်တွင် မကွေးတိုင်းရှိ နတ်မောက်မြို့နယ်၊ မြောက်ဘက်တွင် မိတ္ထီလာမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ပင်လယ်ရေမျက်နှာပြင်အထက် ၆၈၃ပေအထက်တွင် တည်ရှိသည်။မြို့နယ်၏ အရှေ့ဘက်သည် ရှမ်းကုန်းမြေမြင့်ဖြစ်ကာ အနောက်ခြမ်းသည် ပဲခူးရိုးမတောင်တန်းဖြစ်သည်။ အလယ်ပိုင်းသည် မြေပြန့်လွင်ပြင်ဖြစ်သည်။ချောင်းကောက်ချောင်းသည် မိတ္ထီလာမြို့နယ်နှင့် အစပ်တွင် စီးဆင်းနေသည်။
လူဦးရေ
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူနှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၁၂၄%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အချက်အချာကျသော ဒေသဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် သီးနံ/ပွဲရုံများကို အဓိကထားကာ လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ငရုပ်/ကြက်သွန်ဖြစ်ကာ ရန်ကုန်နှင့် မန္တလေးဒေသများသို့ အများဆုံး တင်ပို့ရောင်းချသည်။ နိုင်ငံပိုင်ချည်မျှင်စက်ရုံ ၁ရုံနှင့် ပုဂ္ဂလိကပိုင် စက်ရုံ ၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၆၄၃ခု တည်ရှိသည်။ ၂၀၀၀ ခုနစ်ေနာက်ပိုင်း ဆံပင်လုပ်ငန်းမွာလည်း ထင်ရှားအောင်မြင်လာသည်
ဈေးများ
[ပြင်ဆင်ရန်]- အမှတ်(၁)ဈေး
- အမှတ်(၂)ဈေး
*အောင်မင်္ဂလာဈေး
- ရန်အောင်ဈေး
- ယင်းတော်ဈေး
- အမှတ်(၂)အတွင်းဈေး
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ပျော်ဘွယ်မြို့နယ်သည် ကားလမ်းများဆုံရာတွင်တည်ရှိကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသဖြစ်သည်။ ရန်ကုန်-မန္တလေးကားလမ်း၊ပျော်ဘွယ်-ဘုရားငါးဆူကားလမ်း၊ပျော်ဘွယ်-နတ်မောက်လမ်းများ တည်ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၁၆ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ရန်အောင်
- အထက အရှေ့လျှော်ဖြူကုန်း
- အထက ညောင်ကုန်း-တ
- အထက ကျီတိုင်ကုန်း
- အထက ရွှေညောင်ဖူး
- အထက ရွာသစ်-န
- အထက အနောက်လျှော်ဖြူကုန်း
- အထက ညောင်ကုန်း-မ
- အထက တဲကြီးကုန်း
- အထက တွင်းရွာ
- အထက မိုးကောင်း
- အထက မြင်းတဲ
- အထက သိမ်ကုန်း
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) အောင်သာ
- အလက (ထ(ခွဲ)) ကြို့ကုန်း
- အလက (ထ(ခွဲ)) တောင်တည်
- အလက (ထ(ခွဲ)) ရွာသာ
- အလက (ထ(ခွဲ)) တိမ်းတည်
- အလက (ထ(ခွဲ)) နတ်စုံးမှော်
- အလက ထန်းပင်
- အလက ရွာသစ်-ရှေ့
- အလက မကျီးကုန်း
- အလက လက်သဲကြိုး
- အလက (ထ(ခွဲ))သဖန်းချောင်း
- အလက မိုးနံကုန်း
- အလက ပန်းတော
- အလက ဝါးရုံစု
- အလက ရှမ်းစု
- အလက တောင်ဂွ
- အလက ကျီရွာ
- အလက ပေပင်ရှည်
- အလက ကျီနီ
- အလက (ထ(ခွဲ))တလင်းကုန်း
- အလက ကြက်တည်
- အလက (ထ(ခွဲ)) ရွှေပြည်ရန်နိုင်
- အလက (ထ(ခွဲ))ညောင်ပင်တဲ
- အလက ပေါက်ခနီး
- အလက ရုံးကုန်း
- အလက လက်ပံတော
- အလက သစ်လှကျင်း
- အလက ကန်တဲ
- အလက ဆူးချင်ကုန်း
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၉၃ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]- ပျော်ဘွယ် မြို့နယ်ပြည်သူ့ဆေးရုံ
- ယင်းတော် တိုက်နယ်ဆေးရုံ
- ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ
- တောင်ညောင်ကုန်း တိုက်နယ်ဆေးရုံ
- ရန်အောင် တိုက်နယ်ဆေးရုံ
- သီးပင် တိုက်နယ်ဆေးရုံ
- အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ
- ၁၆ ကုတင် တိုင်းရင်းဆေးရုံ
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- ↑ ၂.၀ ၂.၁ ပျော်ဘွယ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 14 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |