ညောင်ဦးမြို့နယ်
ညောင်ဦးမြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
ညောင်ဦးခရိုင်အတွင်းတည်နေရာ (အနီ) | |
ညောင်ဦးခရိုင်အတွင်းတည်နေရာ (အနီ) | |
ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°Eကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ညောင်ဦး |
မြို့နယ်ရုံးစိုက်ရာမြို့ | ညောင်ဦးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၉၈,၁၈၅[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။
ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။
ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။
ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။[၂]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
[ပြင်ဆင်ရန်]ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။ မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။
လူဦးရေ
[ပြင်ဆင်ရန်]ညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[၂]
စီးပွားရေး
[ပြင်ဆင်ရန်]ညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။
ဈေးများ
[ပြင်ဆင်ရန်]ညောင်ဦး
[ပြင်ဆင်ရန်]- မဏိစည်သူဈေး
- စဉ့်ကူဈေး
- တောင်ဇင်းဈေး
ပုဂံ
[ပြင်ဆင်ရန်]- ပုဂံဈေး
ငါ့သရောက်
[ပြင်ဆင်ရန်]- ဗိုလ်ချိုဈေး
- ဈေးကုန်း
- နှောတွင်း
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]အထက်တန်းကျောင်း ၈ကျောင်းရှိသည်။
- အထက ညောင်ဦး
- အထက ပုဂံ
- အထက ငါ့သရောက်
- အထက တောင်ဇင်း
- အထက စဉ့်ကူ
- အထက လက်ပန်ခြေပေါ်
- အထက လက်ဝဲ
- အထက သပြေအိုင့်
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) ဖလန်ကန်
- အလက (ထ(ခွဲ)) တက်မ
- အလက (ထ(ခွဲ)) ကြအို
- အလက (ထ(ခွဲ)) မြို့မ
- အလက (ထ(ခွဲ)) မြင်းကပါ
- အလက (ထ(ခွဲ)) တောင်တော
- အလက (ထ(ခွဲ)) ကုလားတဲ
- အလက (ထ(ခွဲ)) ဂန့်ဂါ
- အလက (ထ(ခွဲ)) သူကောင်းတည်
- အလက (ထ(ခွဲ)) ဆည်
- အလက (ထ(ခွဲ)) ရေလယ်ကျွန်း
- အလက (ထ(ခွဲ)) ကူရွာ
- အလက ဖွားစောအနောက်
- အလက ရွာသစ်
- အလက သဲပြင်တော
- အလက စုတည်
- အလက လက်ထ
- အလက ရွာသာ
- အလက ဗြူကြီး
- အလက ဝက်လူး
- အလက မြေသင်း
- အလက တောင်ဘီ
- အလက ချောင်းရှည်
- အလက သနပ်ပင်
- အလက ငါ့မင်းမေး
- အလက ဒါန်း
- အလက မြေနီ
- အလက အနောက်အုံ
- အလက အိုရင်း
- အလက ကူတော
- အလက ကျောက်ပြင်ကန်
- အလက ကန်ကြီးကုန်
- အလက ကျွန်းခင်းကြီး
- အလက ညောင်ပင်ကန်
- အလက ကန်နီကြီး
- အလက ကမ္မ
- အလက ပြတိုင်းတောင်နောက်
- အလက ပနီတွင်း
- အလက အရာတော်
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆေးရုံများ
[ပြင်ဆင်ရန်]- ညောင်ဦးခရိုင်ဆေးရုံ
- ငါ့သရောက်ဆေးရုံ
- တောင်ဇင်းဆေးရုံ
- စဉ့်ကူဆေးရုံ
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]ဘုရား၊ပုထိုး၊စေတီများ
[ပြင်ဆင်ရန်]- ရွှေစည်းခုံ
- အလိုတော်ပြည့်
- အာနန္ဒာ
- သဗ္ဗညု
- ကန်တော့ပလ္လင်
- ဗူးဘုရား
- ထီးလိုမင်းလို
- ဓမ္မံရံကြီး
- မဟာဗောဓိ
- မနူဟာ
- မြစေတီ
- ဓမ္မရာဇက
- တုရင်တောင်ဘုရား
- ငှက်ပစ်တောင်
- လျောင်းတော်မူ
- ရွှေဆံတော်
- လောကနန္ဒာ
- မြနန္ဒာကျောက်ထီးဘုရား
- ရှင်ပင်သိမ်တော်
- ရွှေလျှံပျံ
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- ↑ ၂.၀ ၂.၁ ၂.၂ ညောင်ဦးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]