ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်
| ဒဂုံဆိပ်ကမ်းမြို့နယ် | |
|---|---|
ဒဂုံမြို့သစ်ခရိုင်အတွင်း တည်နေရာ | |
| ဒဂုံဆိပ်ကမ်းမြို့နယ် တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 16°50′26″N 96°16′21″E / 16.840488°N 96.272564°Eကိုဩဒိနိတ်: 16°50′26″N 96°16′21″E / 16.840488°N 96.272564°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ဒဂုံမြို့သစ် |
| စာပို့သင်္ကေတ | ၁၁၄၄၁ |
ဒဂုံဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ကို (၁၉၉၀)နှစ်ပိုင်းတွင် ပြောင်းရွှေခဲ့သည်။(၂၀ဝ၀)ခုနှစ်တွင် အစိုးရ မူလတန်းကျောင်း (၁၀) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၁) ကျောင်းရှိသည်။ မြို့နယ်နေလူထုပေါင်း တစ်သောင်းခန့်မှ (၂၀၁၀)ခုနှစ်တွင် တစ်သိန်းဖြစ်လာခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်မှုဇုန်တစ်ခုလည်းတည်ရှိသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိလျက်ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်ကို သန်လျင်တံတားအမှတ်(၂) (ကုလားဝဲတံတား) ဖြင့်လည်း ဆက်သွယ်ထားလျက်ရှိသည်။ ကုလားဝဲတံတားသည် (၂၀ဝ၇)ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ ပဲခူးမြစ်ကို ဖြတ်ထိုးထားသော ဒုတိယတံတားဖြစ်သည်။ ပဲခူးမြစ်သည် ဤမြို့နယ်၏ အရှေ့နှင့် အရှေ့တောင်အရပ်တွင် တည်ရှိသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်မြောက်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ အနောက်တောင်ဘက်တွင် သာကေတမြို့နယ်၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် သန်လျင်မြို့နယ်တို့ တည်ရှိသည်။ အလတ်တန်းစားလူတန်းစားများ နေထိုင်ကြပြီး စည်ကားသော ရပ်ကွက်ကြီးတစ်ခု ဖြစ်သည်။ ယုဇနဥယျာဉ်မြို့တော်၊ သစ်ဆိပ်၊ သိမ်ကျောင်းကွေ့၊ ၈၈ရပ်ကွက်နှင့် ပွိုင့်ထိပ်တို့သည်ဆိပ်ကမ်းမြို့နယ်၏ အဓိကနာမည်ကြီးနေရာများဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]