ဇလွန်မြို့နယ်

ဝီကီပီးဒီးယား မှ
ဇလွန်မြို့နယ်
မြို့နယ်
ဟင်္သာတခရိုင်အတွင်းတည်နေရာ
ဟင်္သာတခရိုင်အတွင်းတည်နေရာ
ဇလွန်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဇလွန်မြို့နယ်
ဇလွန်မြို့နယ်
ဟင်္သာတခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 17°25′N 95°34′E / 17.417°N 95.567°E / 17.417; 95.567ကိုဩဒိနိတ်: 17°25′N 95°34′E / 17.417°N 95.567°E / 17.417; 95.567
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဟင်္သာတခရိုင်
အုပ်ချုပ်ရေးမြို့ဇလွန်မြို့
လူဦးရေ (၂၀၁၄)၁၆၈,၂၀၃[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဇလွန်မြို့နယ်သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဇလွန်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေးအကျဆုံး ဇလွန်မြို့ကို ကျိုက်ထောနန္န၊ ကျိုက်ဝတ်သမန္တပူရ၊ စလွန်၊ ဇရွန်းဟူ၍ အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုရာမှ ဇလွန်ဟု အမည်တွင်လာခဲ့သည်။

ဇလွန်မြို့နယ် စည်ပင်သာယာရေးအတွက် မြူနီစီပါယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောင်အခါ၌ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈၈၅ ခုနှစ် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ်(၁၄၃)ဖြင့်လည်းကောင်း၊ ဇလွန်မြို့ကို (၂၉.၁၁.၁၈၇၂) နေ့စွဲပါ စာအမှတ် (၁၀၃) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ (၃၀.၁၁.၁၈၉၉) ခုနှစ် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၁၂၈)ဖြင့်လည်းကောင်း မြို့အဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၉.၁၁ .၇၂) နေ့စွဲပါစာအမှတ် ၁၀၃/၂၂ စိတ်(၁)ဖြင့် ရွာပေါင်း(၄၉၆) ရွာဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁.၂.၉၉)ရက်စွဲပါ အမိန့်ကြေညာစာဖြင့် ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၆၆)အုပ်စု၊ ကျေးရွာငယ်ပေါင်း (၄၅၉)ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရပြည်ထဲရေးဝန်ကြီးဌာန နေပြည်တော်၏ (၂၀.၁၀.၂၀၁၁) ရက်စွဲပါ အမိန့်ကြေညာစအမှတ်၂၁၀/၂၂-၃၁၀/ဦး၁ အရ ဇလွန်မြို့နယ်အတွင်း ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၆၆)အုပ်စုနှင့် ကျေးရွာငယ်ပေါင်း (၄၅၆)ရွာဖြင့် နောက်ဆုံး ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

တည်နေရာနှင့်အကျယ်အဝန်း[ပြင်ဆင်ရန်]

ဇလွန်မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၅ မိနစ် နှင့် ၁၇ ဒီဂရီ ၄၀ မိနစ်၊ အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၁၅ မိနစ် နှင့် ၉၀ ဒီဂရီ ၄၅ မိနစ်၊ အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ (၂၁)မိုင်နှင့် တောင်မှမြောက်သို့ (၂၀) မိုင် ရှည်လျားပါသည်။ ဇလွန်မြို့နယ်သည် ၂၄၇.၄၄၇ sq mi[convert: မသိသော ယူနစ်] ကျယ်ဝန်းသည်။

=နယ်နိမိတ်[ပြင်ဆင်ရန်]

ဇလွန်မြို့နယ်၏အရှေ့ဘက်တွင် တိုက်ကြီး နှင့် သာယာဝတီမြို့နယ်၊ တောင်ဘက်တွင် ဓနုဖြူမြို့နယ်နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် ကျုံပျော်နှင့် ဓနုဖြူမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဟင်္သာတမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။


လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ဘာသာရေး[ပြင်ဆင်ရန်]

ဘုန်းကြီးကျောင်း (၁၇၀)ကျောင်း၊ သီလရှင်ကျောင်း (၁၁)ကျောင်း ရှိသည်။ ခရစ်ယာန်ဘာသာ (ဘုရားကျောင်း) မြို့ပေါ် (၁)ကျောင်းနှင့် ကျေးလက် (၁၈)ကျောင်း ရှိသည်။ အစ္စလာမ်ဘာသာ (ဗလီ) မြို့ပေါ် (၃)ကျောင်းနှင့် ကျေးလက် (၂)ကျောင်း ရှိသည်။ တရုတ်ဘုရားကျောင်း မြို့ပေါ် (၁) ကျောင်း ရှိသည်။

ထင်ရှားသည့်ဘုရားစေတီနှင့်ပုထိုးများ[ပြင်ဆင်ရန်]

  1. မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား (ညောင်ပင်ဈေးရပ်ကွက်)
  2. ရွှေရင်အေးစေတီ (ငြိမ်းအေးရွာ)
  3. ရဟန္တာဦးသီလဓာတ်တော်စေတီ (လမ်းမတော်တောင်ရပ်ကွက်)
  4. ကျိုက်သာခပေါင်းစေတီ (ညောင်ပင်သာရွာ)
  5. ပြည်လုံးချမ်းသာစေတီ (ကညင်ကွင်းရွာ)
  6. လောကချမ်းသာအေးကမ္ဘာစေတီ (တတောင်ကွေ့ရွာ)
  7. မာရ်အောင်မြင်စေတီ (ဥသျှစ်ကွင်းရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်း)
  8. ရွှေသာလျောင်း မီးကွင်းဘုရား (မီးစက်လမ်း၊ လမ်းမတော်မြောက်ရပ်ကွက်)
  9. ဗုဒ္ဓအံတော်မြတ် (သီတာရုံကျောင်း၊ ညောင်ပင်ဈေးရပ်ကွက်)

ပရိယတ္တိစာသင်တိုက်များ[ပြင်ဆင်ရန်]

  1. မြို့မဓမ္မာရုံပရိယတ္တိစာသင်တိုက်
  2. အင်္ဂဗိုလ်ကျောင်း
  3. လယ်ဦးပရိယတ္တိစာသင်တိုက်
  4. ကြာအင်းပရိယတ္တိစာသင်တိုက်
  5. မှော်ချောင်းပရိယတ္တိစာသင်တိုက်
  6. ဖက်သောင်ပရိယတ္တိစာသင်တိုက်
  7. သပြုကွင်း ပရဟိတ
  8. မဟာနာဂဂံသ သိမ်ကျောင်း ပရဟိတ
  9. ဝိသုဒ္ဓါရာမပရိယတ္တိစာသင်တိုက်

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၇။
  2. ဇလွန်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (PDF)ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန