မြစ်ကြီးနားမြို့

ဝီကီပီးဒီးယား မှ
မြစ်ကြီးနားမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြစ်ကြီးနားမြို့
မြစ်ကြီးနားမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°22′N 97°23′E / 25.367°N 97.383°E / 25.367; 97.383
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မြစ်ကြီးနား
မြို့နယ်မြစ်ကြီးနား
လတ္တီကျု(၂၅)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၂၃)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့မြစ်ကြီးနားမြို့
လူဦးရေ (၂၀၁၄)၂၄၃,၀၃၁[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မြစ်ကြီးနားမြို့သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှ​တောင်သို့ စီးဆင်းသည်။ မြစ်ကြီးနားမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၆ပေ တွင်တည်ရှိသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် နင့် ပူတာအိုမြို့မှ၂၁၈မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်ခန့်သာ ဝေးသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြစ်ကြီးနားမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ် မတိုင်မီက မိုးကောင်းနယ်အတွင်းရှိ ရှမ်း -မြန်မာ ရွာကလေး တစ်ရွာမျှသာ ဖြစ်၍၊ မြစ်ကြီးနားဟု တွင်ခဲ့သည်မှာလည်း မြစ်ကြီး(ဧရာဝတီ) အနားတွင်ရှိသောကြောင့်ဟု ဆိုသည်။ မိုးကောင်းနယ်နှင့်တရုတ်ပြည်ကုန်သွယ်ရာဆိပ်ကမ်းဖြစ်သည်။ မြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့မှတစ်ဆင့် တရုတ်ပြည်နှင့် ကုန်သွယ်ရာစခန်းတစ်ခု ဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် မိုးကောင်းမြို့တွင် အခြေချရာ စိမ့်တောများပေါများခြင်းကြောင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း အရေးပါလာ၍၊ ဗြိတိသျှတို့ အုပ်စိုးနေသော အချိန်တွင် အရေးပိုင်ရုံးစိုက်ရာမြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် လီဒိုလမ်းမကြီး၊ တရုတ်- မြန်မာလမ်းမကြီးများဖောက်လုပ်ခြင်း၊ မဟာမိတ်တပ်များ စခန်းချခြင်းတို့ကြောင့် မြစ်ကြီးနားမြို့သည် ပို၍အရေးပါလာသည်။ လွတ်လပ်ရေးကာလတွင် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်ရှိ ပြည်သူတို့အား ပြည်မနှင့်ပူးပေါင်းမည်သို့မဟုတ် ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းမည်အား ဆန္ဒမဲကောက်ခံစေခဲ့သည်။ ပြည်မနှင့်ပူပေါင်းရန် မဲအသာရခဲ့သော်လည်း ဒေသခံအများစုမှာ ကချင်လူမျိုးများ ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ၎င်းခရိုင်နှစ်ခုအား ကချင်တောင်တန်းဒေသနှင့် ပူးပေါင်းပေးရုံမက မြစ်ကြီးနားမြို့ကို ကချင်ပြည်နယ်၏မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့သည်။

မြစ်ကြီးနားသည် ရှေးယခင်ကတည်းက တရုတ်နှင့် မြန်မာကြား အရေးပါသော ကုန်သွယ်မြို့ဖြစ်ခဲ့သည်။

အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြု George J. Geis နှင့်သူ၏ဇနီးသည် 1890 ခုနှစ်များနှောင်းပိုင်းတွင်မြစ်ကြီးနားသို့ရောက်ရှိလာပြီး 1900 ခုနှစ်တွင်သူတို့သည်မြို့၌စံအိမ်ဆောက်ရန်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆောက်အအုံကို Geis Memorial Church ဟုခေါ်သည်။ ၎င်းသည် မြစ်ကြီးနားရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အသင်းတော်များထဲမှ တစ်ခုဖြစ်သည်။

ဂျပန်တပ်များသည် ဒုတိယကမ္ဘာစစ်အတွင်း မြို့နှင့်အနီးနားရှိ လေတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်ကြီး Joseph Stilwell လက်အောက်ရှိ မဟာမိတ်တပ်များက မြစ်ကြီးနားမြို့ကို မျိုးချစ်တရုတ်တပ်ခွဲများ၊ Chindits နှင့် Merrill ၏ မုဒိမ်းကျင့်မှုများကြားတွင် ကြာရှည်စွာ သိမ်းပိုက်ခံခဲ့ရသည်။ မြောက်ပိုင်းတိုက်ပွဲနယ်မြေကွပ်ကဲမှုနှင့် ဗိုလ်ချုပ်ကြီး Masaki Honda လက်အောက်ရှိ ၃၃ ခုမြောက် ဂျပန်စစ်တပ်၏ ဝိုင်းရံထားသော အစိတ်အပိုင်းများ။ မြို့သည် ဗျူဟာမြောက် အရေးပါသော ရထားလမ်း နှင့် ရေလမ်း ဖောက်လုပ်ခြင်း ကြောင့်သာမက ကျန်မြန်မာ နိုင်ငံ နှင့် လီဒို လမ်း ၏ လမ်းကြောင်း ပေါ်ရှိ ဖြစ်သောကြောင့် ဗျူဟာမြောက် အရေးပါ ပါသည်။

မြစ်ကြီးနားကို ယခင်က "Sina Gong" (စန်လဂေါင်) ဟုလည်း ခေါ်သည်) မှာ "လူကြီးလူကောင်း" ဟု အဓိပ္ပါယ်ရသည်။ ထင်ရှားသော သမိုင်းဝင် ယဉ်ကျေးမှုမြို့ဖြစ်သည့် မြစ်ကြီးနားတွင် နေရာတိုင်းတွင် စည်ကားသိုက်မြိုက်စွာ တည်ရှိနေသော ဘုရားပုထိုးများ၊ ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနားကို ဂျပန်စစ်တပ်နှင့် ဗမာကွန်မြူနစ်ပါတီ ဗိုလ်ချုပ်အောင်ဆန်းတို့ သိမ်းပိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် မေလတွင် တရုတ်-အမေရိကန် မဟာမိတ်တပ်များ၏ လက်ထောက်တပ်မှူး ဗိုလ်ချုပ် စတီးဝဲလ်နှင့် ဒုတိယ စစ်သေနာပတိ Zheng Dongguo တို့၏ စီစဉ်မှုအောက်တွင် တရုတ်စူးစမ်းလေ့လာရေးတပ်ဖွဲ့သည် အိန္ဒိယမှ တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။ တပ်မ ၃၈ သစ်၊ ပထမကြည်းတပ်သစ် (၂၂) တပ်မသစ်၊ မြစ်ကြီးနားလေဆိပ်ရှိ Merrill Commando Airborne မှ စစ်သားများ၏ သုံးလကြာ သွေးထွက်သံယို ဝိုင်းရံမှု အပြီးတွင် ထောင်နှင့်ချီသော စစ်သားများ ကျဆုံးပြီး ဒဏ်ရာ ရရှိကာ နောက်ဆုံးတွင် မြို့လယ် မီးရထား ဘူတာရုံသို့ ဝင်ရောက် စီးနင်း ကာ စစ်ပွဲ ပြီးဆုံးခဲ့သည်။ ဂျပန်စစ်သား ၃၀၀၀ ကျော် အားလုံးနီးပါး ကျဆုံးခဲ့ပါတယ်။ အမေရိကန် စစ်သည် ၃၀၀၀ ကျော်တွင် ၂၇၂ ဦး သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် ၆၀၀၀ ကျော်ကို မြို့တော်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ သုသာန်များတွင် မြှုပ်နှံထားသည့် တရုတ်စစ်သည် ၆၀၀၀ ကျော် ရှိခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ဇန်နဝါရီလ ၁ဝ ရက်နေ့၌ ကချင်ပြည်နယ်ဟုပေါ် ပေါက်လာသည့် အချိန်အခါမှစ၍ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်လာသည်။

အစိုးရဌာနများ[ပြင်ဆင်ရန်]

ကချင်ပြည်နယ် အစိုးရရုံးစိုက်ရာ အတွင်းဝန်များရုံးနှင့် အခြားအစိုးရရုံးများ၊ ပြည်သူ့ဆေးရုံ၊ အကျဉ်းထောင်တို့ တည်ရှိသည်။ ခရိုင်ဝန်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် ဥပစာကောလိပ်၊ ဆရာဖြစ်သင် သိပ္ပံကျောင်း၊ အထက်တန်းကျောင်းများ၊ အလယ်တန်း ကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိသည်။ မြန်မာပြည်မြောက်ဘက် နယ်နိမိတ်နှင့် နီးစပ်၍ ပြည်ထောင်စု လုံခြုံရေး အတွက်အရေးပါသော ဒေသတစ်ခု ဖြစ်သည့် အလျောက် စစ်စခန်းချရာမြို့လည်း ဖြစ်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်ထားရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

အပူပိုင်းဆဗားနားရာသီဥတုဆန်‌သော အပူလျော့ပိုင်းစိုစွတ် (နွေမိုး) ရာသီဥ‌တုမျိုးရရှိသည်။ အအေးဆုံးလသည် ဇန်နဝါရီလဖြစ်ပြီး မဇ္ဈိမအပူချိန် ၆၄ ဒီဂရီဖာရင်ဟိုက်မျှရှိသည်။ မဇ္ဈိမအပူချိန်အမြင့်ဆုံးလသည် ဩဂုတ်လဖြစ်ကာ ၈၃ ဒီဂရီဖာရင်ဟိုက်ရှိသည်။ တစ်နှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်သည် ၇၇ ဒီဂရီဖာရင်ဟိုက်ခန့်ဖြစ်သည်။ သဘာဝ‌ပတ်ဝန်းကျင်ဂေဟစနစ်များပျက်စီးယိုယွင်းလာသောကြောင့် တစ်နစ်ထက်တစ်နစ်အပူချိန်မြင့်လာနေသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မြစ်ကြီးနားမြို့သည် မီးရထားလမ်းဆုံး မြို့ ဖြစ်သည်။ မီးရထားလမ်းအတိုင်း မန္တလေးမြို့မှ ၃၃၇ မိုင် ဝေးကွာ၍၊ ရန်ကုန်မြို့မှ ၇၂၄ မိုင်ဝေးသည်။ ရှေးက ကချင်တောင်တန်းဒေသများနှင့် မြန်မာပြည်ထွက် ပစ္စည်းများ ဖလှယ်ရောင်းဝယ်ရာဌာန ဖြစ်ခဲ့၏။ မြစ်ကြီးနားမြို့မှာ မီးသင်္ဘောများ အမြဲတစေ ဝင်ထွက်သွားလာနေသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှာ ဆင်ဘိုသို့ မော်တော်ဖြင့် သွားလာနိုင်သည်။ ကချင်ပြည်နယ်မှ ထွက်သော ကုန်ပစ္စည်းတို့၏ ၃ ပုံ ၂ ပုံခန့်ကို မြစ်ကြီးနားမြို့မှ မော်တော်ကား၊ မီးသင်္ဘောငယ်များ၊ မီးရထားနှင့်လေယာဉ်ပျံတို့ဖြင့် အခြားမြို့များသို့ တင်ပို့ရလေသည်။ အိန္ဒိယနှင့် တရုပ်နိုင်ငံတို့သို့ ကုန်းလမ်းခရီးဖြင့် သွားရာ တံခါးပေါက်မြို့လည်း ဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စုအစိုးရ၏ ကြိုးစားဆောင်ရွက်ချက်ကြောင့် အိန္ဒိယနိုင်ငံသို့ လီဒိုလမ်းမကြီးမှ မော်တော်ကားဖြင့် သွားလာနိုင်ပြီးလျှင် ဗန်းမော်မြို့ကိုဖြတ်၍ ရှမ်းပြည် မြောက်ပိုင်းသို့ မော်တော်ကားလမ်း ခရီးပေါက်လေသည်။ ပြည်နယ်အတွင်း ဗန်းမော်၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ကာမိုင်း၊ မိုးကောင်း၊ဖားကန့်၊တနိုင်း စသည် မြို့များသို့ မော်တော်ကားလမ်းခရီးဖြင့် သွားလာနိုင်သည်။ မြန်မာနိုင်ငံတွင် လေယာဉ်ပျံကွင်း အများဆုံးရှိသော မြို့တစ်မြို့ဖြစ်၏။ စစ်အတွင်းက မဟာမိတ်တပ်များက လေယာဉ်ကွင်း ၆ ကွင်း ဆောက်လုပ် ခဲ့လေသည်။ ယခုအသုံးပြု‌ေနသောမြစ်ကြီးနားမြို့ လေယာဉ်ကွင်းမှာ အကြီးဆုံးသော ကွင်းဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ အရပ်ရပ်မှ မြစ်ကြီးနားမြို့သို့ ဂျုံ၊ ဓာတ်ဆီ၊ ရေနံဆီ၊ အထည်အလိပ်၊ သံကရိယာ၊ ဆားတို့ကို တင်ပို့လျက်၊ မြစ်ကြီးနားမှ သကြား၊ ဆန်စပါး၊ ကျောက်စိမ်း၊ ပယင်း အမျိုးမျိုး၊ ရွှေ၊ မြေပဲ၊ ကော်ဖီ၊ ကျွန်းသစ်၊ အသီးအနှံ မျိုးစုံတို့ကို မြန်မာနိုင်ငံပြည်မသို့ လည်းကောင်း၊ ပြည်နယ်အတွင်း အခြားဒေသများသို့ လည်းကောင်း တင်ပို့ ရောင်းချရလေသည်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများ အသုံးပြုလျက် ရှိသော ကုန်ပစ္စည်း၊ ဆေးဝါးအစရှိသည်တို့ကို မြစ်ကြီးနားမှတစ်ဆင့် ဝေငှဖြန့်ဖြူးလျက်ရှိသည်။ စီးပွား‌ေရးအချက်ခြာကျ ‌ေသာမြို့ကြီးတစ်မြို့ ဖြစ်သည့်အလျောက် ကချင်လူမျိုးအပြင် လူမျိုးပေါင်းစုံမှလာ‌ေရာက်‌နေထိုင်မူရှိကြ၍ စည်းကားသော မြို့တစ်မြို့ လည်း ဖြစ်လေသည်။

မြစ်ကြီးနားမြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ဆုတောင်းပြည့်စေတီမှာ အလွန်ကြည်ညိုဖွယ်ကောင်း၍၊ နှစ်စဉ် ဘုရားပွဲတော် ကျင်းပလေ့ရှိသည်။ ယခုအခါတရုတ်အစိုးရအထောက်အပံ့ဖြင့် တရုတ်နိုင်ငံ ထိန်ချုံးမြို့မှ မြစ်ကြီးနားသို့ လေးလမ်းသွားအမြန်လမ်းမကြီးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

  • မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး
  • မြစ်ကြီးနား မူးယစ်ဆေးဝါးကု ဆေးရုံ

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

၃။Kachinland School of Arts and Sciences – Truth, Leadership and Service". Archived from the original on 2019-09-13. Retrieved 2022-02-23.